အပိုင်း(၂၃.၁)

4.4K 774 23
                                    


Unicode.

လင်းကျစ်ရန်သည် အနာဂါတ်တွင် မိစ္ဆာလောက၏ သခင်လေးတစ်ယောက်ဖြစ်လာမည်ကိုတွေးကြည့်ရင်း မနေနိုင်ဘဲ စိတ်ကြီးဝင်လာမိသည် ။ ဒီဂိမ်းက တကယ်ပျော်စရာကောင်းသည် ။ ထို့ကြောင့် သူဟာ လူစိမ်းကို စိတ်အားထက်သန်စွာမေးလိုက်ပြီး အဆင်ပြေပါက ကူညီပေးမည် ။ သို့သော် မျက်မမြင်လူစိမ်းက ဘာမှမတုန့်ပြန်သေးပေ ။

ဒီသနားစရာ ကံဆိုးသူက သူပြောတာကိုအမှန်တကယ်မကြားမှာစိုးရသည် ။ ဒီလိုမှမဟုတ်ရင် ဘယ်လိုလုပ်မတုန့်ပြန်ဘဲနေမှာလဲ ။ လင်းကျစ်ရန် စိတ်ထဲတွင်တွေးလိိုက်၏ ။

လင်းကျစ်ရန်သည် ဒေါသတကြီးလှဲအိပ်လိုက်ပြီး မြက်တစ်ဆုပ်ကိုပါးစပ်ထဲထည့်ကာ ဝါးနေလိုက်သည် ။ ဒီမြက်ပင်၏အရည်က ချိုမြိန်သည် ။ လင်းကျစ်ရန် အရမ်းကြိုက်သောကြောင့် သရေစာအဖြစ်စားလေ့ရှိသည် ။

" မင်းဘာမှပြန်မပြောရင် ခုနကစကားတွေကို ထည့်မတွက်တော့ဘူး "

လင်းကျစ်ရန်သည် မတ်တပ်ရပ်လိုက်ပြီး အဝတ်များကိုဆွဲချလိုက်၏ ။ မထွက်ခွာခင် သူဟာ အိတ်ကပ်ထဲတွင်ကျန်နေသေးသော မြက်တစ်ဆုပ်ကို လူစိမ်း၏ပါးစပ်ထဲသို့ ရက်ရက်ရောရောထိုးထည့်လိုက်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ။

" မင်းက ငါ့မိတ်ဆွေဆိုတော့..ဒါကမင်းအတွက်ပဲ..ငါသွားတော့မယ် "

ထိုသို့ပြောပြီးနောက် ဝါးခြင်းတောင်းနှင့်အတူထွက်သွားလေတော့သည် ။

~~~~~~

ဒီရက်ပိုင်းအတွင်း တော်တော်အဆင်ပြေသည်။ လင်းကျစ်ရန်သည်လမ်းလျှောက်ရင်း စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်၏ ။

" ငါ့ကိုငါ ပေါ်ကြော့နေပြီး ဘာဒုက္ခမှမခံနိုင်ဘူးထင်ထားတာ..ဒါပေမယ့် စိုက်ပျိုးမွေး​မြူ​ရေးဝတ္ထုတွေကလည်းလက်တွေ့မှာပျော်စရာကောင်းမှန်း အခုမှပဲသိလိုက်ရတော့တယ်..ငါကျင့်သားတောင်ရနေပြီပဲ "

[ System-...ဟမ် ]

လင်းကျစ်ရန်သည် ဒီစကားများကိုပြောနေစဥ် ကိုယ့်ကိုယ်ကိုအရမ်းကျေနပ်နေသယောင်ရှိသော်လည်း ရုတ်တရတ်စိတ်မကောင်းစရာတစ်ခုကိုတွေးမိသော် မှိုင်ကျသွားပြန်၏ ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now