အပိုင်း(၃၅.၁)

1.9K 253 2
                                    



Unicode.

ဘာလို့ ရွှမ်းရန်က ဒီမှာပေါ်လာတာလဲ?

လင်းကျစ်ရန်ဟာ မှင်တက်သွားခဲ့ပြီး သက်ပြင်းချကာ လူအုပ်ကြားထဲသို့ ပြန်၍လျှိုဝင်သွားကာ ပုန်းကွယ်နေလိုက်သည်။ ဘယ်သူမှ သူ့ကို သတိမပြုမိကြ။

ရွှမ်းရန် ဘာလို့ ဒီကိုရောက်လာခဲ့တာလဲ လင်းကျစ်ရန်မသိပေမယ့် မူရာကျူးက သူနဲ့လုံးဝ မဆိုင်တဲ့လူတစ်ယောက်ပင်၊ ရွှမ်းရန်က မာနကြီးပြီး တခြားလူများအပေါ် အမှုထားခြင်း မရှိသော်လည်း သူက ဒီကမ္ဘာရဲ့ ဇာတ်လိုက် အမျိုးသားဖြစ်ပြီး အပြစ်မဲ့ လူများကို စိတ်ရှိသလို သတ်ဖြတ်နေတဲ့ ယဲ့လျှိုရင် နဲ့တော့ ကွာခြားသည်။

လင်းကျစ်ရန်က ရွှမ်းရန်ရဲ့ကိုယ်ကျင့်တရားကိုအရမ်းယုံကြည်သည်။ မူရာကျူးကို လင်းကျစ်ရန်ဝင်ပြီးကယ်တာထက် ရွှမ်းရန်ကယ်တင်တာက အများကြီးပိုပြီးအဆင်ပြေသည်။

လင်းကျစ်ရန်ဟာ စိတ်ရှုပ်ထွေးနေမိသည်၊ သူစိတ်ပူတာက မူရာကျူးအတွက်မဟုတ်တော့ဘဲ ရွှမ်းရန်က ဘာလို့ဒီနေရာကိုရောက်လာခဲ့တာလဲဆိုတာပင်၊ ဒါက မူရာကျူးကိုကယ်တင်ဖို့ အကူအညီရပေမယ့်လို့ ကြီးမားတဲ့ ဇာတ်လမ်းသွေဖယ်မှုကြီးဖြစ်နေသည်ပင်။

ဒါက ကောင်းတာလား ဆိုးတာလား..လင်းကျစ်ရန် တစ်ခဏအတွင်းမဝေခွဲနိုင်ပေ။

လေပေါ်တွင် ရပ်နေသည့် ရွှမ်းရန်​ရဲ့အဖြူရောင်ဝတ်ရုံမှာ လေအဝေ့တွင်ဝေ့ဝဲနေကာ သူက မြေပြင်ပေါ်ရှိလူများကိုအမှုမထားသလိုကြည့်လိုက်သည်။

' ဒီမနှစ်မြို့စရာလူတွေကိုအကုန်သတ်ပစ်စမ်း! ဒီလူတွေက လီယဲ့အမေကိုသတ်ဖို့ကြိုးစားရဲတယ်၊ လီယဲ့သာသိရင် ဘယ်လောက်တောင် ဝမ်းနည်းလိမ့်မလဲ '

' မင်းကာကွယ်ပေးနေတဲ့လူတွေကိုကြည့်စမ်းပါဦး၊ မိစ္ဆာတွေနဲ့ဘာများကွာနေသေးလို့လဲ '

ရွှမ်းရန်က မျက်မှောင်ကြုတ်လိုက်သည်။ သူဟာ လင်းကျစ်ရန်နောက်ကို လိုက်လာခဲ့ပေမယ့် ဒီလိုမြင်ကွင်းမျိုးကို မြင်ရလိမ့်မယ်လို့တော့မမျှော်လင့်မိခဲ့ပါ... ဒါကိုမြင်တော့ အတွင်းစိတ်ရှိမကောင်းဆိုးဝါးမှာ ထကြွလာပြီး လင်းကျစ်ရန်ရဲ့ အမေကို ကယ်တင်ကာ တစ်ခြားလူများကို သတ်ပစ်ရန် လှုံ့ဆော်လာခဲ့သည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now