အပိုင်း(၃၄.၁)

1.7K 237 1
                                    



မူယန်ဟာ ခန်းမဆောင်ရှေ့တွင် တစ်နာရီခန့်ဒူးထောက်နေခဲ့သော်လည်း အထဲမှမည်သည့်အသံမှထွက်မလာခဲ့။

သူ့မျက်နှာက ဖြူဖျော့နေပြီး လက်သီးကိုတင်းနေအောင်ဆုပ်လိုက်သည်။

ဘာလို့ ဘယ်သူမှ လင်းကျစ်ရန်အပြစ်ကင်းကြောင်း မယုံကြည်ကြတာလဲ။

ဒါလား တရားမျှတစွာ ဆောင်ရွက်တယ်ဆိုတာ။

ဘယ်လိုတောင် မတရားတာလဲ။

မူယန်ဟာ ဖြည်းညှင်းစွာမတ်တပ်ရပ်လိုက်သည်။ ပြတ်သားမှုတို့က သူ့မျက်ဝန်းထဲတွင် ထင်ဟပ်လာခဲ့လျက်။ ဘယ်လိုပဲဖြစ်ဖြစ် လင်းကျစ်ရန်သေမှာကို သူကြည့်မနေနိုင်။

လက်ထဲတွင် တိချန်ဓါးကိုဆုပ်ကိုင်ထားပြီး သူဟာ ရေခဲအကျဉ်းထောင်သို့ ထပ်မံ၍လာခဲ့လိုက်သည်။

အကျဉ်းထောင်ကိုစောင့်နေသည့် တပည့်မှာလည်း မူယန်က လင်းကျစ်ရန်ဆီထပ်ပြီးလာတွေ့တာကိုမြင်သော် မတတ်နိုင်စွာဖြင့်ဆိုသည်။ " ညီလေးမူ။ ထပ်ပြီးလာမတွေ့ပါနဲ့တော့။ တကယ်လို့ တစ်ယောက်ယောက် တွေ့သွားရင် ကောလဟာလသတင်းတွေပျံ့သွားလိမ့်မယ်။ "

သူတို့နှစ်ယောက်လုံးက ပေါင့်ကျန်းတောင်မှတပည့်များဖြစ်ကြသည်။ မူယန်နှင့် ကျိုးယွဲ့​ကြားက ဆက်ဆံရေးကြောင့်သာ မူယန်ကောင်းဖို့အတွက် စိတ်ရှည်ရှည်နှင့် စကားတချို့ပြောပေးခြင်းပင်။

မူယန်က ပြုံးလိုက်ပြီးတည်ငြိမ်စွာပြောသည်။ " ဂိုဏ်းတူအစ်ကိုတို့ နားလည်မှုလွဲနေပါပြီ။ ကျွန်တော့်ဆရာက လီယဲ့ကို ကိုယ်တိုင်စစ်မေးချင်လို့ ကျွန်တော်သူ့ကိုလာခေါ်တာပါ။ "

တပည့်နှစ်ဦးမှာ အံ့ဩသွားခဲ့ကြသည်။ မူယန်​၏ ဆရာက အရှင်ရွှမ်းရန်ပင်။ အရှင်က ဘာလို့ ဒီလို အသေးအမွှားကိစ္စအပေါ်အာရုံစိုက်မှာလဲ။

မူယန်ကဆိုသည်။ " ဂိုဏ်းတူအစ်ကိုတို့ ကျွန်တော့်ကို မယုံဘူးလား။ "

တပည့် နှစ်ဦးက အံ့ဩနေစဲဖြစ်သည်။

မူယန်က ဖြည်းညှင်းစွာဆက်ပြောလာခဲ့သည်။ " ဆရာက ကျွန်တော်လီယဲ့ကို ခေါ်လာမှာကို စောင့်နေတယ်။ "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now