အပိုင်း(၈.၁)

6.3K 1K 15
                                    


Unicode.

လင်းကျစ်ရန်သည်ကား နှစ်ခါပင်ပြန်တွေးစရာမလိုဘဲ ဝမ်းယွီစိတ်ဆိုးနေကြောင်း သိလိုက်ပြီ ဖြစ်လေရာ လက်ကိုပြန်၍ ရုန်းမထွက်ရဲပါသောကြောင့် ဘာမှမဖြစ်ခဲ့သည့်အတိုင်း ပြုံးမြဲပြုံးထားလျက်သာ။ ပြုံးနေရင်းဖြင့် သူက ကျောက်မင်ဇယ်အား ရိုးသားစွာ ကြည့်လိုက်ပါ၏။ ' အကိုကြီးကျောက်ရေ...ကျွန်တော်မျက်နှာသာ တော်တော်ပေးထားတာနော်..အခု ဇာတ်လမ်းကို ပြန်ထိန်းမတ်ဖို့က မင်းအပေါ်မှာမူတည် သွားပြီ။ '

သူ၏ သုံးစားလို့မရသော ညီလေးနှင့်ယှဥ်၍ လင်းကျစ်ရန်မှာ မျှောင့်လင့်ချက်အားလုံးကို ဗီလိန်အပေါ်၌သာ ပုံအော ထားလိုက်နိုင်တော့သည်။ ကျောက်မင်ဇယ်က လင်းကျစ်ရန်၏လက်ကို အခုထိဆုပ်ကိုင်ထားလေသော ဝမ်းယွီအား တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏မျက်ဝန်းများက ရှုပ်ထွေးနေလျက် ရိုးသားစွာ ဆိုလေ၏။

" အစပိုင်းတုန်းက..လုကျန်း မင်းအကြောင်း ကိုယ့်ကိုပြောလာတော့..ကိုယ်နည်းနည်းစိုးရိမ်ပြီး အကောင်းသိပ်မမြင်ခဲ့ဘူး..ဒါပေမယ့် အခုတော့ စိတ်ချသွားပါပြီ "

လင်းကျစ်ရန်:?

သူတော်ကောင်းယောင် ဆောင်ချက်!

သူအား ကယ်တင်ရန်အတွက် ကျောက်မင်ဇယ်အပေါ်အားထားရန်မှာ မဆီလျော်ပါကြောင်း သိသွားပြီးသော် လင်းကျစ်ရန်မှာ အခုလောလောဆယ် ဆုံးရှုံးမှုအတွက် နောင်တရသလိုပင် ခံစားလာရချေ၏။ ဝမ်းယွီ သည်ကား သူ့အား လွှတ်မပေးဘဲ နှေးကွေးစွာဖြင့် ပြောလာ၏။

" မစ္စတာကျောက်..စိတ်မပူပါနဲ့..ကျွန်တော်တို့နှစ်ယောက်ကြားက ဆက်ဆံရေးက အရမ်းကောင်းပါတယ် "

လင်းကျစ်ရန်မှာ သူ၏လက်ချောင်းများကတင်းကျပ်လာသလိုခံစားလိုက်ရပေရာ လျင်မြန်စွာပင် ထောက်ခံကြောင်း ဆိုလိုက်ချေ၏။

" အင်း..ဟုတ်တယ်...မင်းစိတ်ပူစရာမလိုပါဘူး..ငါတို့နှစ်ယောက်က အရမ်းအဆင်ပြေပါတယ် "

အကြောက်တရားက သူ၏ အသံအား ရေဒီယိုတွင် အလိုအလျောက်ဖြေကြားပေးသည့် စနစ်နှင့် ဆင်တူရိုးမှား ဖြစ်စေလုနီးပါး ပါပေ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now