အပိုင်း(၁၁.၁)

6.1K 951 11
                                    

Unicode.

ဖိုင်အိတ်ထဲတွင်မူ ရှယ်ရာလွှဲပြောင်းပေးကြောင်း စာရွက် စာတမ်းများပင် ။ လုကျန်းက ဖခင်လု မဆုံးခင်ကပေးခဲ့သောရှယ်ရာ ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော်လည်း သူ့ဖခင်၏စိတ်ထဲတွင် လုဆွေ့ရှိနေသေးကြောင်း သိထားပါ၏ ။ သူက ယာယီ ထိန်းသိမ်းပေးထားခြင်းသာ ဖြစ်ပြီး လုဆွေ့ပြန်ရောက်သည့်အချိန်တွင် ရှယ်ရာ၂၅ရာခိုင်နှုန်းကို လွှဲပေးရမည် ဖြစ်ကာ ရှယ်ရာများအား လုဆွေ့ကို လွှဲပြောင်းပေးခဲ့၏ ။ သို့သော် ၄င်းက သူ၏ရှုံးနိမ့်ခြင်းအတွက် အထောက်အကူတစ်ခုဖြစ်နေလိမ့်မည်ဟု မထင်ထားမိခဲ့ပါချေ ။

လင်းကျစ်ရန်၏ ရှုထောင့်မှကြည့်လျှင် လုဆွေ့ဆီသို့ အတော်များများကို လွှဲပေးလိုက်ရလို့လည်း ဘယ်လိုမှမနေသလို သူ့အနေဖြင့် ကုမ္ပဏီတစ်ခုလုံးကို လုဆွေ့ဆီသို့ လွှဲပေးပြီး ပျော်ရွှင်စွာ ထွက်သွားချင်ပြီပင် ။ သို့သော် လုကျန်း၏ ရှုထောင့်မှကြည့်လျှင် ဒါက ကြီးမားသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပြီးသူက လုဆွေ့ကိုညီလေးတစ်ယောက်အဖြစ် အမှန်ပင်သတ်မှတ်ထားလေ၏ ။

လင်းကျစ်ရန်မှာ လုကျန်း ၏အတွေးကိုမသိနိုင်ပါသော်လည်း သူမှန်းဆမိပါ၏ ။ လုကျန်းက လု​ဆွေ့အ​​မေ သေဆုံးရသည်မှာ သူ့အမှားကြောင့်ဟု ယုံကြည်နေသည် ။ နောက်ဆုံးတော့ ရာဇဝတ်ကောင်များ၏ ရည်ရွယ်ချက်ကသူ့အားပြန်ပေးဆွဲဖို့ပင် ဖြစ်ပြီး ရှူးလန်န မှာ သူ့ကိုကျောင်းလာကြိုသည်နှင့် တိုက်ဆိုင်သွား၍သာ သူမအား ဤအမှုထဲသို့ ဆွဲခေါ်မိခြင်း ။ ထို့အပြင် သူ့မိဘများ၏ လုဆွေ့အပေါ် လျစ်လျူရှုမှုနှင့်မမျှတမှုများကြောင့် သူဟာ လုဆွေ့ ကိုအကြွေးတင်ခဲ့လေရာ လုဆွေ့အား ပြန်လည်ဖြည့်ဆည်း ပေးချင်သည်ပင် ။ လုကျန်း က လု​ဆွေ့အပေါ် တကယ်ကောင်းသည်ဟု လင်းကျစ်ရန်ယုံကြည်သည် ။ သူက အစ်ကိုကောင်းတစ်ယောက် မဟုတ်ရင် ဘာလို့ဒါတွေအားလုံးကိုလုပ်ခဲ့ပါ့ မလဲ?

သို့သော် လုဆွေ့က သူ၏စိတ်ရင်း အားနားမလည်နိုင်ခဲ့သည်မှာ စိတ်မကောင်းစရာပင် ။ လုဆွေ့၏ စိတ်ထဲတွင် ကောင်းသောအမှတ်တရများက တစ်ခုမျှမကျန်ရစ်တော့ လေဘဲ နှလုံးသားထဲတွင် နာကြည်းမှုများသာ ထင်ကျန်နေပေသည် ။ လင်းကျစ်ရန် က လု​ဆွေ့၏မှင်တက်နေသော အမူအရာကို ကြည့်ပြီး ဖြည်းဖြည်းချင်းပင် ပြောလိုက်ပါ၏ ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now