အပိုင်း(၄၂.၃)

1.7K 285 13
                                    

Unicode.

လင်းကျစ်ရန်ကလှောင်လိုက်သည်

" အခုချိန်မှာ ခင်ဗျားဘာပြောပြော ကျွန်တော် ယုံမယ်ထင်နေလား "

ကျိုးယွဲ့ကမျက်လွှာချပြီး စိတ်မကောင်းစွာဖြင့်ခေါင်းခါလိုက်သည်

" သခင်လေးဒါကိုဖြည်းဖြည်းချင်းစဉ်းစားကြည့်ပါ...ဘာပဲဖြစ်ဖြစ်သူမကသေမျိုးတစ်ယောက်ပါပဲ...ကိုယ့်ကိုယ်ကိုဒုက္ခမပေးနဲ့ "

လင်းကျစ်ရန်က သူနှင့်စကားဆက်ပြောဖို့ကိုပင်စိတ်မဝင်စားတော့။ သို့ပေမယ့် ကျိုးယွဲ့လှည့်ထွက်သွားသော် သူ့ခါးရှိဓါးတွင်ချိတ်ဆွဲထားသောပန်းပွားဆီသို့အကြည့်ရောက်သွားခဲ့ပြီးနောက် ရုတ်တရက်လှမ်းမေးလိုက်သည်

" ဒါနဲ့ ခင်ဗျားနဲ့အတူတောက်ဓမ္မကျင့်တဲ့အမျိုးသမီးက ဘယ်လိုသေသွားခဲ့တာလဲ "

ကျိုးယွဲ့ကခဏရပ်လိုက်ပြီး လှည့်ကြည့်ကာပြုံးသည်

" ငါ့ကြောင့်သေသွားခဲ့တာလို့ မင်းကိုပြောခဲ့ဖူးတယ် "

လင်းကျစ်ရန်က နှုတ်ဆိတ်နေပြီးသူ့ကိုသာကြည့်နေလိုက်သည်။ ကျိုးယွဲ့က လက်ဆန့်ကာ ဓါးတွင်ချိတ်ဆွဲထားသောပန်းပွားကိုလှမ်းကိုင်လိုက်ရင်းသူ့အမူအရာက လွမ်းဆွတ်နေသယောင်

" ငါကသန်မာချင်တယ်...အတားအဆီးတွေအကုန်ကျော်ဖြတ်ပြီချီရန်မသေမျိုးလောကကိုတက်လှမ်းရမယ်လို့ ကတိပြုခဲ့တယ်...ဒါပေမယ့် သူမကကျ အားနည်းတယ်...ငါထွက်သွားပြီးတဲ့နောက် သူမကို တစ်ယောက်တည်းထားခဲ့ဖို့စိတ်မချနိုင်ဘူး...ဒါကြောင့်သူမငါ့ရဲ့ဘေးမှာအမြဲရှိနေရအောင် ငါသူမကိုသတ်ပစ်ခဲ့တယ် "

စကားပြောပြီးနောက် သူကလည့်ထွက်သွားခဲ့သည်။လင်းကျစ်ရန်သည်နောက်ဆုံးတွင်တော့မကျိန်ဆဲပဲမနေနိုင်ပေ။ဟုတ်တယ်!ယဲ့လျှိုရင်နဲ့အတူရှိနေတဲ့လူမှန်သမျှဘယ်သူမှမကောင်းဘူး!အရှက်မရှိလိုက်တာ!

...........

ယဲ့လျှိုရင်က ကုလားထိုင်တွင်ထိုင်နေရင်း လက်ဖက်ရည်ခွက်ကိုမော့သောက်လိုက်ကာမျက်ခုံးပင့်လိုက်သည်

" ယဲ့အာအဆင်ပြေရဲ့လား "

ကျိုးယွဲ့ကတံခါးမှဖြည်းဖြည်းချင်းလျှောက်ဝင်လာခဲ့ကာ ရိုသေစွာပြုံးလိုက်သည်

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now