အပိုင်း(၄၃.၃)

981 170 1
                                    

Unicode.

လင်းကျစ်ရန်ကဤမြင်ကွင်းကိုရှုပ်ထွေးစွာစိုက်ကြည့်နေသည်။

[လင်းကျစ်ရန်ကSystemကိုမေးလိုက်သည်:သူဒီလိုလုပ်ရင်ငါ့ကိုကယ်တင်နိုင်မှာလား?]

[Systemကပြန်ဖြေသည်:ဒီနေရာကို သီးသန့်ပိုင်းခြားလိုက်တာမို့ လင်းယွီကျူးက ကောင်းကင်နဲ့ကမ္ဘာမြေပေါ်ကဩဇာဓါတ်တွေကိုမစုပ်ယူနိုင်တော့ပေမယ့်...ကစားသမားဆီက အဆီအနှစ်တွေကိုပြန်ပြောင်းပြီးစုပ်ယူလိမ့်မယ်...ဆယ့်ငါးမိနစ်ခြားတစ်ခါ ကစားသမားရဲ့ဝိညာဉ်စွမ်းအားတွေက လျော့နည်းလာပြီး နောက်ဆုံးမှာ တစ်ကိုယ်လုံးပြောင်စင်အောင်စုပ်ယူခံလိုက်ရတာကြောင့် ပေါက်ကွဲပြီးမသေရင်တောင် ပိန်လိန်ခြောက်ကပ်ပြီးသေဆုံးရမှာပါ ]

[လင်းကျစ်ရန်: ဒါတော်တော်ဆိုးတာပဲ ]

လင်းကျစ်ရန်သည်သူ့လက်ထဲတွင်ဝိညာဉ်စွမ်းအားပြောင်စင်အောင်စုပ်ယူခံရပြီးသေဆုံးခဲ့ရတဲ့လူအလောင်းများကိုပြန်ပြီးမြင်ယောင်ကြည့်မိသည်။ပုံပျက်ပန်းပျက်သေရတာမကောင်းပေမယ့်ဘာပဲဖြစ်ဖြစ်သူဒီဂိမ်းထဲကထွက်ရန်သေဖို့လိုသည်။ဘယ်လိုနေနေသူကသေရမှာပင်၊ရွှမ်းရန်ကလောကသုံးပါးကိုကာကွယ်ရန်ဤအရာကိုလုပ်ခဲ့တာဖြစ်မည်။ဒါလည်းပုံမှန်ဖြစ်သည်,သူမှာအချစ်နောက်ကိုလိုက်ဖို့ခံစားချက်နည်းနည်းတောင်ရှိလို့မရ၊သူ့တာဝန်ကလောကသုံးပါးကိုကာကွယ်ဖို့ရန်သာဖြစ်သည်။

ရွှမ်းရန်က မှော်အစီအရင်ကိုစီမံပြီးနောက် လင်းကျစ်ရန်ဆီသို့ပြန်လာကာ လင်းကျစ်ရန်ကိုရင်ခွင်ထဲတွင်ထည့်၍ပွေ့ဖက်ထားလိုက်သည်။သူ့ရဲ့ဂရုဏာသက်နေသောအကြည့်ထဲတွင်အလွယ်တကူမမြင်နိုင်သောနာကျင်မှုတချို့ရှိနေသည်။သူကလင်းကျစ်ရန်ရဲ့နှဖူးကိုနမ်းလိုက်ပြီးညင်သာစွာပြောသည်

" မကြောက်ပါနဲ့...ငါမင်းကို ဘာမှထပ်မလုပ်တော့ပါဘူး "

လင်းကျစ်ရန်သည်ရွှမ်းရန်ကိုကြောင်အမ်းစွာစိုက်ကြည့်နေလိုက်သည်။ဘာဆက်လုပ်သင့်လဲသူမသိ၊ထိုစဉ်ရွှမ်းရန်ကသူ့လက်ညှိုးထိပ်ကိုဖြတ်လိုက်ပြီး လင်းကျစ်ရန်ရဲ့ခံတွင်းထဲသို့ထိုးထည့်ပေးလိုက်သည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now