Arc(2) အပိုင်း(၂၁.၁)

10.3K 861 57
                                    

Unicode.

[တင်! ဂိမ်းပြီးစီးသွားပြီး အဆင့်ကို အကဲဖြတ်နေပါသည်—]

[အဆင့်- B]

[လင်းကျစ်ရန်သည် အနည်းငယ် အံ့အားသင့်သွားသည်- ဇာတ်ကွက်တွေက ဒီလောက်တောင် အမိုက်စား ရှုပ်ထွေးသွားတာကို..  ဘယ်လိုလုပ်ငါက B အဆင့်ရနိုင်သေးတာလဲ ]Dအဆင့်လောက်ဖြစ်မယ်ထင်ထားတာ...

[ System- ပင်မဇာတ်ကြောင်းကပြိုလဲသွားပေမယ့်..ဇာတ်ကောင်ကတော့ပြိုပျက်မသွားဘူး..ပြီးတော့ ဇာတ်လမ်းမြှုပ်ကွက်တွေကိုဖော်နိုင်တဲ့အတွက် ဘောနပ်စ်အမှတ်တွေအများကြီးရပါတယ်...ဆက်လက်ကြိုးစားပေးပါဦး]

[လင်းကျစ်ရန်:…အာ... ငါ့ရဲ့ ဇာတ်ရုပ်က တကယ်မပျက်စီးခဲ့ဘူးလား..  ]တကယ်တော့ သူ ခဏခဏအမှားလုပ်မိတယ်ထင်တာ...

[System- လူကြီးမင်းရဲ့လျှို့ဝှက်ချက်ကို NPC ကရှာမတွေ့သရွေ့ အဲ့တာကို ပျက်စီးတယ်လို့မယူဆနိုင်ပါဘူး]

[ လင်းကျစ်ရန်: တောင်းဆိုချက်တွေက အရမ်းနည်းနေသလားလို့]

[System- ထင်သလောက်တော့မလွယ်ပါဘူး  ]

[လင်းကျစ်ရန်:…]

[System- အခုနောက်ထပ်ဂိမ်းတစ်ခုထဲကို ဝင်လိုပါသလား  ]

[လင်းကျစ်ရန်: ခဏစောင့်ပါဦး ]

မနေ့က ဂိမ်းဦးထုပ်ကိုရခဲ့ပြီး လင်းကျစ်ရန်မှာအရမ်းစိတ်လှုပ်ရှားစွာဖြင့်ထိုင်ဆော့နေခဲ့သည် ။ သို့သော် တကယ်တမ်းတော့ တစ်နေကုန်သွားခဲ့ပြီ ။ လင်းကျစ်ရန်ဟာ ဗိုက်လည်း အလွန်ဆာနေသည် ။ ဂိမ်းကပျော်ဖို့ကောင်းသော်လည်း စားဖို့သောက်ဖို့က ပိုအရေးကြီးသည် ။ ဗိုက်ဖြည့်ပြီးမှ စစ်ပွဲအတွက်အဆင်သင့်ဖြစ်နိုင်မည် ။

B အဆင့်ရနိုင်မည်ဟု သူမမျှော်လင့်ထားမိ ။ သို့သော် A အဆင့်နှင့်သိပ်မဝေးပေ ။ ဒါကလင်းကျစ်ရန်ကို A အဆင့်ရနိုင်သည်ဟု ထင်ယောင်ထင်မှားဖြစ်လာစေ၏ ။ လင်းကျစ်ရန်ဟာ ဂိမ်းဦးထုပ်ကိုချွတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည် ။ အိပ်ခန်းအတွင်း၌မူ သူတစ်ဦးတည်းသာရှိနေပြီး ကျန်လူများက ဘယ်ရောက်သွားမှန်းမသိ ။ သူကမျက်နှာသစ်ပြီး အခန်းအပြင်သို့ထွက်လာခဲ့လိုက်သည် ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now