အပိုင်း(၂၃.၂)

4.3K 755 16
                                    

Unicode.

မူယန်၏ ချောမောသောမျက်နှာကိုအနီးကပ်ကြည့်ရင်း မျက်တောင်မွှေးများကိုပင် အသေးစိတ်မြင်နေရသည် ။ သူ၏ မျက်ဝန်းနက်များသည် သိမ်မွေ့ပြီးကြင်နာသည် ။ လူတိုင်းအား မသိစိတ်မှချဥ်းကပ်ချင်အောင် ဆွဲဆောင်နေသလိုမျိုးပင် ။ လီယဲ့က ဒီလူကို ဘာလို့အရမ်းစွဲလမ်းသွားလဲ သူရုတ်တရက်နားလည်လိုက်ရ၏ ။ ဒါက ဘယ်လိုတောင် ချစ်စဖွယ်ကောင်းတဲ့ အချောအလှလေးလဲ ။

လင်းကျစ်ရန်လိုလူတောင် မူယန်က ကြင်နာတတ်ပြီး လူအများရဲ့မေတ္တာနဲ့ထိုက်တန်တယ်လို့ထင်သေးတာ၊ လူအများဆီက ကြင်နာမှုကိုတစ်ခါမှမရခဲ့ဖူးတဲ့ လီယဲ့လိုလူအတွက်တော့ပြောနေစရာပင်မလို ။ သူ့ကိုဘယ်သူကများ ငြင်းဆန်နိုင်မှာလဲ ။

~~~~~

မူယန်က လင်းကျစ်ရန်ကို အိမ်ပြန်လိုက်ပို့ပေးပြီး ဒီတစ်ခါတွင် ချက်ချင်းပြန်မသွား ။ ထို့အစား သူကပြုံးပြီး ချီတုံချတုံဖြင့်မေးသည် ။

" ငါ့ကိုအိမ်ထဲမခေါ်တော့ဘူးလား "

လင်းကျစ်ရန်ကမငြင်းပေ ။ သူကခေါင်းငြိမ့်ပြလိုက်ပြီး အနှစ်တစ်သောင်းကြာသည့်အထိမပြောင်းလဲမည့် တည်ငြိမ်သောအမူအရာနှင့် တံခါးကိုတွန်းဖွင့်လိုက်သည် ။

မူယန်သည် လင်းကျစ်ရန်အနောက်မှာလိုက်ဝင်လာ၏ ။ သူဟာ ကျဥ်းမြောင်းသောခြံဝန်းကိုကြည့်ရင်းရွံရှာသောအကြည့်မျိုးမပြပေ ။ သူက သဘာဝကျကျပြုံးလိုက်ပြီး ။

" မင်းနဲ့ငါက အသက်အတူတူလောက်ပဲဆိုတော့..မင်းကို အားယဲ့လို့ခေါ်မယ်လေ..ရလား "

သူ၏ မျက်ဝန်းများက ကြယ်ပွင့်များလိုလင်းလက်နေပြီး အပြုံးကနေရောင်ခြည်ပမာနွေးထွေးသည် ။ လင်းကျစ်ရန် ဘယ်လိုလုပ်ပြီးငြင်းနိုင်မှာလဲ ။ သူတို့က သူငယ်ချင်းတွေဖြစ်တော့မှာ၊ ပြီးတော့ ဇာတ်ကြောင်းအတိုင်းအဆင်ပြေနေတာကို ။

လင်းကျစ်ရန်က ခေါင်းငြိမ့်ပြလိုက်သည် ။

" အင်း "

မူယန်က အလွန်ပျော်ရွှင်သွားပုံရ၏ ။

" နောက်ခါ ယဥ်ကျေးဖို့မလိုဘူး..ငါ့ နာမည်အတိုင်းခေါ်လို့ရတယ် "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now