အပိုင်း(၅.၂)

6.9K 1.1K 60
                                    

Unicode.

ချောမောသည့်အမျိုးသားတစ်ယောက် အိပ်ရာပေါ်တွင်ခွေခေါက်လို့နေပြီး သူ၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးနေသယောင်ရှိသော်လည်း အလွန်ပင်ပန်းထား၍ဖြစ်မည်...ချက်ချင်းပင် အိပ်ပျော်သွားပါတော့သည်။

ကျောက်မင်ဇယ်၏ မျက်ဝန်းများက နက်မှောင်လျက် တစ်ဖက်လူအပေါ်သို့ အုပ်မိုးကာ ထိုလူ၏ နှုတ်ခမ်းထောင့်အားနမ်းရှိုက်ပြီးသော် ထိုမှတစ်ဆင့် လည်စလုတ်ဆီသို့ နိမ့်ဆင်းလာကာ ခပ်ဖွဖွ ဖိကိုက် လိုက်ချေသည်။

ထိုလူက ' အင့်ခနဲ ' ညည်းလေသည်။

ကျောက်မင်ဇယ်မှာ ထိုလူ၏လက်ကောက်ဝတ်အား ရုတ်တရတ် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သက်ပြင်းတစ်ချက် ချကာ ​ဖြည်းညှင်းစွာ လွှတ်ပေးလိုက်ချေသည်။ သူ အလွန်အမင်း စိတ်မထိန်းနိုင် ဖြစ်သွားခဲ့ရသည်။

ထို့နောက် စောင်ကိုဆွဲကာ လင်းကျစ်ရန်အားခြုံပေးလိုက်ပြီး ကြမ်းပြင်တွင် ပြန့်ကျဲနေသည့် အဝတ်များအား ကောက်ယူလိုက်သော် တစ်ဖက်လူ၏ ဘောင်းဘီအိပ်ကပ်ထဲမှ မာ​ကျောသည့်ဗူးလေးတစ်ခု အား ရှာတွေ့သွား လေရာ ဖွင့်ကြည့်လိုက်ပါသော် ပလက်တီနမ် လက်စွပ်တစ်စုံအား မြင်လိုက်ရလေသည်။

ကျောက်မင်ဇယ်၏ မျက်လုံးများက ရုတ်တရတ် မှုန်ကုပ်လို့ သွားခဲ့ပြီး လင်းကျစ်ရန် သူ့အား မနေ့က ပြောခဲ့တာကို မှတ်မိလို့သွား လေ၏။ ဒါဆိုမင်းက ဝမ်းယွီကို လက်ထပ်ခွင့်တောင်းဖို့စီစဥ်ထားတာပေါ့...ဒါပေမယ့် ဝမ်းယွီက ရောက်မလာခဲ့ဘူးလေ...

ဒါတောင်မှ မင်းက သူ့ကိုအရမ်းချစ်၊ အရမ်းကိုဂရုစိုက်နေသေးပြီး လိုလိုလားလား အနစ်မွန်းခံနေသေးတယ်ပေါ့....

အာ....

ကျောက်မင်ဇယ်၏ နှုတ်ခမ်းပါးများက လှောင်ထေ့စွာဖြင့် ကွေးညွှတ်လို့ သွားချေ၏။ သူလက်စွပ်ဗူးအား ဘောင်းဘီအိပ်ကပ်ထဲသို့ ပြန်ထည့်လိုက်ကာ ဘောင်းဘီနှင့်အတူလက်စွပ်ကိုပါ အမှိုက်တစ်စလို ကြမ်းပြင်ပေါ်သို့ပစ်ထုတ်လိုက်လေသည်။

........................

တကယ်ကောင်းတဲ့ အိပ်မက်ပဲ...

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now