အပိုင်း(၂)

8.8K 1.1K 37
                                    

Unicode.

ဒီနေ့ကမတ်လ(၁)ရက်နေ့၊ လုဆွေ့အဝေးရောက်နေချိန် လုကျန်းကနှစ်စဥ်နှစ်တိုင်း ဤ​နေရာသို့ရောက်လာပြီး လုဆွေ့ကိုယ်စားပါ မိသားစုအုတ်ဂူကို အရိုအသေပေးရလေ့ရှိသည်။

လွန်ခဲ့သောနှစ်များအတွင်း လုကျန်း လုဆွေ့ကိုအိမ်ပြန်လာရန် အဆက်မပြတ်ဖြောင်းဖြခဲ့သော်လည်း လုဆွေ့၏သဘောထားကတော့ အမြဲလျစ်လျူရှုထားမြဲသာ၊ နောက်ပိုင်းတော့ စာမလာ၊ အကြောင်းမကြားသည့် အခြေအနေသို့ ရောက်သွားကြသည်အထိပင်။ လုကျန်းက အတိတ်ကဆက်ဆံရေးကိုထိန်းထားလိုသော်လည်း....မတတ်နိုင်ခဲ့၊ ဒီလိုနဲ့တစ်ဖြည်းဖြည်းနှင့် သူတို့ဟာ အဆက်အသွယ်ပြတ်တောက်လို့ လာခဲ့တော့သည်။

မည်သည့်အရိပ်အယောင်မျှမရှိဘဲ ဤကဲ့သို့အခြေအနေတွင် ပြန်လည်ဆုံတွေ့ရန်သူမမျှော်လင့်ထားခဲ့။

လင်းကျစ်ရန်၏(လုကျန်း) မျက်လုံးများကမယုံကြည်နိုင်မှုများနဲ့ပြည့်နှက်လျက်၊ ရုတ်တရက်တောင့်တင်းသွားကာလုဆွေ့ဆီမှ ခြေလှမ်းအနည်းငယ်မျှ နောက်ဆုတ်လိုက်မိသည်။အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်​ဖြစ်နေပြီးနောက် နူးညံ့စွာပြောလိုက်တာက__

"မင်းပြန်လာပြီ"

* * *

လုဆွေ့ ခေါင်းကို ဖြည်းဖြည်းချင်းလှည့်လိုက်တော့ လင်းကျစ်ရန်ကိုတွေ့လိုက်ရသည်။

ဤလူမှာသူ၏မှတ်ဥာဏ်ထဲကအတိုင်းရှိ​နေပြီးသိပ်ပြောင်းလဲမသွား၊ ကြော့ရှင်းပြီးရည်မွန်ကာတည်ငြိမ်နေစဲသာ၊ သူပြန်ရောက်လာတာကိုမြင်တော့အရမ်းအံ့သြသွားသည့်ပုံပင်။

လုဆွေ့ သူ့ကိုအကြာကြီးစိုက်ကြည့်နေလိုက်သည်၊မျက်လုံးထဲတွင်နက်ရှိုင်းသည့် အအေးဓာတ်တချို့ကိုဖုံးကွယ်ထားလျက်။

လင်းကျစ်ရန် အသက်ပြင်းပြင်းရှူလိုက်ကာရှေ့သို့တိုးလာပြီး သူ့အရှေ့၌ရှိနေသည့်လူကိုဂရုတစိုက်စစ်ဆေးကြည့်လိုက်သည်။

သူနှင့်မတွေ့ရသည့် ငါးနှစ်တာအတွင်း၊အတွေ့အကြုံမရှိသည့် လူငယ်လေးမှာ အများကြီးရင့်ကျက်လာပုံရသည်။ ကုန်လွန်သွားသည့်အချိန်က သူ့ကိုပိုမိုနက်နဲသောအရာများနှင့်ဖုံးလွှမ်းလိုက်သလိုမျိုးပင်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now