အပိုင်း(၂၁.၂)

6.1K 842 53
                                    

Unicode.

လင်းကျစ်ရန်သည် မနေနိုင်ဘဲတွေးလိုက်မိ၏။ နတ်ဘုရား ရွှမ်းရန်က တစ်ဦးတည်းသီးသန့်နေထိုင်လာခဲ့တာနှစ်ရာချီနေပြီး အချစ်နဲ့လုံးဝထိတွေ့ခြင်းမရှိသောနတ်ဘုရားတစ်ပါပင် ။ သို့သော် နောက်ဆုံးတွင် သူ၏ဝိညာဥ်အပိုင်းအစမှလူဝင်စားလာသော မူယန်ကိုချစ်မိသွားခဲ့သည်တဲ့ ။ ဒါက နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်သည် ။ အဟမ်း..တစ်နည်းအားဖြင့် ဒီလိုမျိုးခက်ခဲသည့်ဆက်ဆံရေးတွင် gongနှင့်shouတို့ လက်ထပ်နိုင်ရသည့်အကြောင်းအရင်းမှာ ဇာတ်ပို့အမျိုးသား၏ ကြိုးစားအားထုတ်မှုကြောင့်လည်းဖြစ်၏ ။

ဇာတ်ပို့အမျိုးသား လီယဲ့ကိုလည်း စုန့်ကျိုးမြို့တွင်မွေးဖွားခဲ့သည် ။ ကောင်းကင်၏ချစ်သားပမာ လူတိုင်းအားကျရသည့် မူယန်နှင့်မတူ၊ သူဟာ မူယန်၏ ဆွေမျိုးများထဲမှမွေးလာခဲ့ပြီး အဖေမပေါ်သည့် မျိုးမစစ်တစ်ယောက်သာဖြစ်သည် ။ အမေတစ်ခု သားတစ်ခုဘဝတွင်နေလာကြရင်း မကြာခဏဆိုသလိုအလှောင်ပြောင်ခံရသည် ။ အနိုင်ကျင့်ခံရလွန်း၍ ဝမ်းမနည်းမိတော့ ။နတ်ဘုရားရွှမ်းရန်ယှဥ်လျှင် တိမ်နှင့် ဖုန်မှုန့်ပမာ ကွာခြားလွန်းသော ဒီအညတရမှာ နောက်ပိုင်းတွင် ရွှမ်းရန်ကိုခေါင်းကိုက်စေမည့် ဇာတ်ပို့ကဏ္ဍအား ဘာကြောင့်​ရထားရသလဲဆိုလျှင်ဖြင့်... ။

လီယဲ့တွင် ထူးခြားသောနောက်ခံရှိသောကြောင့်ပင် ။ တကယ်တော့ လီယဲ့၏ အဖေအရင်းမှာ မိစ္ဆာဘုရင် ယဲ့လျှိုရင် ပင်ဖြစ်သည် ။ ယဲ့လျှိုရင်ဟာ ချီယန် မသေမျိုးနယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်ဖို့ လက်မလျှော့ခဲ့ ။ လွန်ခဲ့သော ဆယ်နှစ်ကျော်က သူဟာ အက်ကွဲကြောင်းမှတစ်ဆင့်မသေမျိုးနယ်မြေထဲသို့ဝင်ရောက်လာကာ လီယဲ့၏မိခင်ကိုအဓမ္မပြုကျင့်ခဲ့ပြီး သူ၏ကလေးကိုမွေးဖွားစေခဲ့ခြင်းပင် ။

လီယဲ့ဟာ သူ့ဘဝဇာတ်ကြောင်းကို မသိ ။ သူဟာ ငယ်လေးကတည်းက ရှောင်ဖယ်ခံလာခဲ့ရပြီး ပုရွက်ဆိတ်များထက်နိမ့်ကျသောဘဝတွင်နေလာခဲ့ရသည် ။ မျှော်လင့်ချက်လည်းမရှိ ၊ နွေးထွေးမှုဆိုတာဘာမှန်းတောင်မသိပေ...အဲ့တာက မူယန်သူ့အရှေ့တွင်ပေါ်မလာခင်အထိသာ ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now