အပိုင်း(၃၆.၁)

2.4K 391 12
                                    

Unicode.

လင်းကျစ်ရန်ကဟန်ရှန်း ကို အံ့အားသင့်သောအမူအရာဖြင့် ကြည့်လိုက်မိသည်၊ဒီလိုတိုက်ဆိုင်မှုမျိုးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲ့ဒိမျက်မမြင်က ဟန်မိသားစုကလူ ဖြစ်နိုင်လား။ ဟန်ရှန်းနဲ့ မျက်မမြင်ကြားက ဆက်ဆံရေးကရော ဘယ်လိုမျိုးဖြစ်နိုင်မလဲ။

ဒါပေမယ့်  စူးဝမ်မြို့က စုန့်ကျိုးမြို့နှင့်အရမ်းဝေးသည်။ သူဘယ်လိုလုပ်ပြီး ဝေးလံခေါင်သီတဲ့စုန့်ကျိုးကိုရောက်လာခဲ့တာလဲ။ ပြီး​တော့ ဘာဖြစ်လို့ အဲ့ဒိလို အခြေအနေမျိုးရောက်သွားခဲ့တာလဲ။

ဒီအရာအားလုံးက လျှို့ဝှက်ဆန်းကြယ်လှသည်ပင်။

မူလက၊ သူသည် မျက်မမြင်အား အရေးမပါသော NPC တစ်ယောက်အဖြစ်သာ မှတ်ယူထားပြီး မည်သည့်သဲလွန်စကိုမျှ ရှာတွေ့ရန် မမျှော်လင့်ထားခဲ့...သို့ပေမယ့် ဟန်ရှန်း နှင့်ရုတ်တရက် တွေ့ဆုံမိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ဒါက...တကယ်ကို ကောင်းကင်ဘုံရဲ့ ဆန္ဒလိုမျိုး။

အဖြေက သူ့ဆီကို ရောက်လာမှတော့ ဒါကိုအသုံးချပြီး အဖြေထုတ်ရမည်။

လင်းကျစ်ရန်သည် ခဏစဉ်းစားကာဟန်ရှန်း၏နောက်သို့ တိတ်တဆိတ် လိုက်လာခဲ့လိုက်သည်။သူက ဟန်ရှန်းကိုအပြင်မှာ ထားလိုက်သည်။

ဟန်ရှန်းသည် လင်းကျစ်ရန် ၏ အနေအထားကို မသိသော်လည်း ယဲ့လျှိုရင် ၏ အလွန်ပ,စားပေးမှုကြောင့် သူ့တွင် ထူးခြားသောအဆင့်အတန်းတစ်ခုရှိနေမယ်ဆိုတာတော့ အလိုလိုသိနေလေသည်။ ထို့ကြောင့် မထီမဲ့မြင်မပြုရဲဘဲ  ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်သည်။ " ဒီကသခင်လေးက ဘယ်သူများလဲ "

[System: ကစားသမား ဘာကိုမေးမလို့လဲ။ သိပ်ပြီးစပ်စုသင့်တယ်လို့တော့ကျွန်တော်မထင်ဘူး]

[လင်းကျစ်ရန်ကက အံကြိတ်လိုက်ပြီး: ဒါက မလွယ်ဘူး..ဒါပေါ့ သူ့ကို တိုက်ရိုက်ပဲမေးလိုက်မှာပေါ့]

အခုချိန်တွင်သူဟာ စွမ်းအားမြင့် တစ်ယောက်အဖြစ် ကျင့်ကြံနိုင်ခဲ့ပြီး ဖြစ်ရာ သူ့ရဲ့အနေအထားက မာနကြီးသော မိစ္ဆာလောက က သခင်လေးတစ်ပါးအဖြစ်သို့လည်းရောက်ရှိလာခဲ့ပြီပင်။ဒါကြောင့်.. ဒီလို အမြောက်စာတစ်ယောက်ကို သတိထားပြီးဆက်ဆံနေဖို့ရာ မလိုအပ်တော့။ တစ်ခုခုသိချင်တာရှိလျှင် ဒီတိုင်းမေးလိုက်ရုံပင်။ တကယ်လို့ သူတို့က ပြန်မဖြေလျှင် ကောင်းကောင်းဆုံးမပေးလိုက်ဖို့သာဖြစ်သည်။သန်မာတဲ့လူဖြစ်ရတာက လုံးဝမိုက်တယ်!

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now