အပိုင်း(၁၀.၁)

6.4K 980 40
                                    

Unicode.

လင်းကျစ်ရန်မှာ ဒေါသထွက်ချင်ယောင်ဆောင်ကာ ကျောက်မင်ဇယ်၏အိမ်မှ ထွက်လာခဲ့ပြီးနောက် လမ်းလျှောက်နေရင်းဖြင့် နောက်တစ်ဆင့်တွင် ဆက်လုပ်ရမည့်အကြောင်းအရာများကို စဥ်းစားခန်းဖွင့် နေလေ၏ ။ ဤကမ္ဘာတွင်ကား အဓိကဇာတ်ကြောင်းမှာ ၂ခုသာရှိချေသည် ။ ပထမတစ်ခုက လုဆွေ့နှင့် ဝမ်းယွီကြားရှိ ဆက်ဆံရေးဖြစ်ပြီး နောက်တစ်ခုကမူ လုဆွေ့၏ လုကျန်းအားလက်စားခြေခြင်း ဟူသော ကဏ္ဍပင် ဖြစ်ပါ၏ ။

လုဆွေ့နှင့် ဝမ်းယွီ၏ relationshipမှာကား လမ်းကြောင်းပေါ်၌သာရပ်တန့်လို့နေသေးပါသော်လည်း လုဆွေ့ကမူ လက်စားခြေခြင်းအား အလျော့မပေးနိုင်သည့်သဘောဖြင့် ဝမ်းယွီကို အဆက်မပြတ်နှောက်ယှက် နေသည်ပင် ။ ထို့ကြောင့် ဇာတ်ကြောင်းအတိုင်းလိုက်ကာ လုဆွေ့အား အောင်မြင်စွာလက်စားချေခွင့် ပေးလိုက်ပါလျှင် ဇာတ်လမ်းသွေဖယ်မှုအား ပြန်၍ ကယ်ဆယ်နိုင်လိမ့်မည် ။ ဤကဲ့သို့တွေးရင်းဖြင့် လင်းကျစ်ရန်မှာ အားတက်လာရ ချေ၏ ။

..................

လုဆွေ့သည်ကား စည်းပွားရေးခရီးတိုမှ အလျင်အမြန်ပင် ပြန်လာခဲ့လိုက်၏ ။ ဝမ်းယွီ၏ ဖုန်းထဲကစကားများအရဆိုလျှင် အခုအချိန်၌ လင်းကျစ်ရန်မှာသူ့အား မည်သို့ မျက်နှာချင်းဆိုင်လိမ့်မည်ကို သိချင်မိပါသေးသည် ။ ဒီတစ်ခါတွင် ဝမ်းယွီတစ်ယောက် ဘယ်လို ဆင်ခြေများကိုပေးလိုက်မှန်းတော့ သူမသိပါချေ ။

လင်းကျစ်ရန်က လုဆွေ့အားတစ်ချက်ကြည့်လိုက်ပြီးနောက် ယခုချိန်တွင်မူ ဘာကိစ္စကိုမှ ရှင်းလင်းခန်းဖွင့်ရန် စိတ်ကူးမရှိသေး သည်ပင် ။ မူလဇာတ်ကြောင်းအရဆိုလျှင် ဝမ်းယွီက သူ့အား လမ်းခွဲရန် တောင်းဆိုနေပြီ ဖြစ်ကာ သူကလည်း အတင်းအကျပ် တောင်းပန်၍ အဆင်ပြေအောင် ​ကြိုးစားနေရသည့် အချိန်ပင် ဖြစ်၏ ။ အခုတွင်မူ ဝမ်းယွီနှင့် လမ်းမခွဲရသေးသလို လမ်းခွဲမည့် စကားကိုတောင်မှ မပြောရသေးပေရာ ထိုအကြောင်းအား လုဆွေ့ရှေ့တွင် ထုတ်ပြောရန် မည့်သည့်အကြောင်းပြချက်မျှ မရှိသေးပါချေ။ ထိုသို့ အကုန်အစင်မေးလိုက်ပါက လုဆွေ့ဇာတ်ကောင်အား လမ်းပျောက်သွားစေနိုင် သည်မဟုတ်ပါလား?

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now