အပိုင်း(၁၆.၁)

6K 951 37
                                    

Unicode.


ကျောက်မင်ဇယ်မှာ ရိုးရိုးသားသားတောင်းပန်ခဲ့​ပြီး အရင်ကဖြစ်ခဲ့သည့် ပြဿနာများကိုကျေအေး ပေးကာ ဝမ်းယွီကို ကူညီပေးချင်သည်ဟု ပြောခဲ့ သည် ။ သူက လုံးဝ ဟာကွက်မရှိသရုပ်ဆောင်ကောင်းခဲ့သောကြောင့် လင်းကျစ်ရန်မှာလည်း ခွင့်လွှတ်ပေးခဲ့ရသည် ။ ဒီဗီလိန်ကောင် ဘာဆက်လုပ်မလဲဆိုတာ သူသိချင်မိ၏ ၊ နောက်ဆုံးတွင် ဗီလိန်မှာ ခြေချော်လက်ချော် တစ်ခုခုဖြစ်သွားလိမ်မည်ဟု သူယုံကြည်နေမိသည် ။ သို့သော်ကျောက်မင်ဇယ်မှာ ပြီးခဲ့သောရက်ပိုင်းအတွင်း ဘာလှုပ်ရှားမှုမှ မရှိဘဲအလွန်ပင် စိတ်အေးလက်အေးရှိနေလေသည် ။

လင်းကျစ်ရန်မှာလည်း ဝမ်းယွီက အချစ်ရေးကို ဝန်ခံခဲ့သည့် ကိစ္စနဲ့ပတ်သတ်ပြီး ဇာတ်ကြောင်းကို ထိန်းညှိရန် ကြိုးစားနေခဲ့ရကာ ယခုတွင်မူ လမ်းခွဲလိုက်နိုင်ပြီဖြစ်၏ ။ ထို့ကြောင့် ရှားရှားပါးပါး သက်တောင့်သက်သာ နား​​နေရသည်ပင်၊ အကယ်၍ ဇာတ်ကြောင်းကသာ မရှုပ်ထွေးနေပါလျှင် ပိုကောင်းလိမ့်ဦးမည်ပင် ။

ဇာတ်လိုက်နှစ်ယောက်ကြားတွင် ဘာအချစ်ဇာတ်လမ်းမျှမရှိသည့်အပြင် ဇာတ်လိုက်gongမှာ ဗီလိန်နှင့်ပေါင်းပြီး ဇာတ်လိုက်shouကိုပင် ဒုက္ခရောက်စေသေးသည်၊ လင်းကျစ်ရန်မှာ စိတ်မကောင်းစွာဖြင့် သက်ပြင်းသာချမိတော့သည်...ဇာတ်ကြောင်းက လုံးဝ ပျက်စီးသွားဖို့ သိပ်မလိုတော့ပေ ။ သူက ဝမ်းယွီနှင့် လမ်းခွဲလိုက်သောကြောင့် လုဆွေ့က ဝမ်းယွီကိုမူ ထပ်ပြီးမတိုက်ခိုက်တော့ပေ၊ ကျောက်မင်ဇယ်ကလည်း စကားတည်သည်ပင်...

အွန်လိုင်းပေါ်ရှိအငြင်းပွားမှုကြီးမှာလည်း ချက်ချင်းလက်ငင်း ငြိမ်သက်သွားလေသည် ။ ဖြစ်ပျက်ခဲ့သော ပြဿနာက အလွန် ပွက်လောရိုက်သွားသော်လည်း လုဆွေ့နှင့်ကျောက်မင်ဇယ်၏ စနက်မပါတော့သဖြင့် ကျန်ရှိနေသည့်ပြဿနာကို ဝမ်းယွီဘာသာ ကိုင်တွယ်နိုင်၏ ။ ထို့ကြောင့် ဝမ်းယွီကိုထပ်ပြီး စိတ်ပူနေဖို့ မလိုတော့ချေ ။

ထင်သည့်အတိုင်း ဇာတ်ကြောင်းက စွတ်ကြောင်းပေါ်ပြန်ရောက်သွားသည်နှင့် အရာအာလုံးကသာမန်အတိုင်းပြန်ဖြစ်သွား၏ ။ လင်းကျစ်ရန်လည်း နေ့တိုင်းစားလိုက်၊ အိပ်လိုက် ဂိမ်းဆော့လိုက်ဖြင့် အချိန်ဖြုန်းနေရသည်၊ သူ၏ ဘဏ်ကဒ်ထဲမှငွေပမာဏများ သူ့ကို ကျေနပ်စေသည်...ထို့အပြင် ဤဂိမ်းထဲရှိ မိုဘိုင်းဂိမ်းများကလည်း အတော်လေး​ဆော့ကောင်းသည်။ ဤ​ကမ္ဘာတွင် 3Dရုပ်ကြွဂိမ်းမျိုးမရှိသော်ငြား ရိုးရိုး အွန်လိုင်းဂိမ်းနှင့် မိုဘိုင်းဂိမ်းတို့မှာ ​ဆော့​ပျော်ဖွယ်ပင်...အဓိကအားဖြင့်တော့ သူဟာ ယခုကဲ့သို့ ငွေကိုရေလိုသုံးနိုင်သည့်ဘဝမျိုးအား တကယ့်လက်တွေ့တွင် ဘယ်တုန်းကမျှ မဖြတ်သန်းခဲ့ဖူးခြင်းပင် ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now