အပိုင်း(၃၀.၂)

4.4K 796 35
                                    

Unicode.

မူယန်သည် ရွှမ့်ရှန်ခန်းမဆောင်မှထွက်လာခဲ့ပြီး အရင်ဆုံး တိဗက်ကျမ်းစာတိုက်သို့သွားလိုက်သည်။သူက လင်းကျစ်ရန်အတွက် ကျင့်ကြံနိုင်မည့်နည်းလမ်းနှင့် ထူးဆန်းသည့်ခန္ဓာကိုယ်တည်ဆောက်ပုံများအကြောင်းရေးသားထားသည့် စာအုပ်များကိုရှာဖွေချင်သည်။အရင်ဆုံးလင်းကျစ်ရန်၏ခန္ဓာကိုယ်ကို နားလည်ထားသင့်သည်။မဟုတ်ပါက သူဘယ်လိုပဲကြိုးစားနေပါစေ အချည်းအနှီးဖြစ်နေလိမ့်မည်သာ။

မူယန်သည် တိဗက်ကျမ်းစာတိုက်တွင် သုံးရက်ကြာအောင်ရှာဖွေခဲ့သော်လည်း လင်းကျစ်ရန်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံအကြောင်းရှာမတွေ့ခဲ့သဖြင့် အလွန်စိတ်ပျက်သွားလေသည်။ထားလိုက်ပါတော့..အရင်ဆုံး လင်းကျစ်ရန်ကိုသွားတွေ့ရမည်။သူမရှိဘဲ အဆင်မှပြေရဲ့လား။

မူယန်သည် ပေါင့်ကျန်းတောင်ထွတ်ဆီသို့ပြန်လာခဲ့၏။ လင်းကျစ်ရန်မှာ ဒီရက်များအတွင်းအလွန်သက်တောင့်သက်သာရှိနေသည်ပင်။သူက လက်မောင်းကိုညှစ်ကြည့်လိုက်သော် ​ပိုပြီးပြည့်လာသလိုခံစားလိုက်ရသည်။စည်းကမ်းကြပ်မတ်ရေးနန်းဆောင်၏ အကြီးအကဲဖြစ်သူကျိုးယွဲ့မှာ အလုပ်ကိစ္စနှင့်တောင်အောင်သို့ဆင်းသွားခဲ့သောကြောင့် လတ်တလောတွင် သူတစ်ဦးတည်းပင်။

တစ်နေ့တွင် သူတောင်ပေါ်သို့သွားရန်လမ်းလျှောက်လာစဥ် မူယန်ပြန်လာတာကို ရုတ်တရက်မြင်လိုက်ရလေသည်။ မတွေ့တာကြာပြီဖြစ်ပါသော်ငြားမူယန်က မပြောင်းမလဲပင်။ လင်းကျစ်ရန်မှာအလွန်အံ့သြသွားခဲ့ပြီးနောက်ဆို၏။

" အားယန်! "

မူယန်က အလျင်စလိုပင် အရှေ့သို့လျှောက်လာပြီး လင်းကျစ်ရန်ကို ခြေဆုံးခေါင်းဆုံး ကြည့်ကာဆို၏။ " မင်း ဒီရက်ပိုင်း ကောင်းကောင်းနေခဲ့ရပုံပဲ "

လင်းကျစ်ရန်မှာ အနည်းငယ်ရှက်ရွံ့သွားမိသည်။မူယန်က သူကိုယ်အလေးချိန်တက်လာတာကိုသတိပြုမိနေသည်။သူက အမူအရာကိုတည်ငြိမ်အောင်ထိန်းထားရင်းချောင်းဖွဖွဆိုးကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။ " မင်းဆရာနဲ့အဆင်ပြေရဲ့လား "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now