အပိုင်း(၅.၁)

6.9K 1.1K 48
                                    

Unicode.

လုကျန်း ဝမ်းယွီကို လက်ထပ်ခွင့်တောင်းရန် ရည်ရွယ်ထားသော်လည်း ဝမ်းယွီကတော့ ဆင်ခြေပေးပြီး ရောက်မလာခဲ့ပါချေ။ လုကျန်းတစ်ညလုံးနီးပါးထိုင်စောင့်နေခဲ့လေသည်။ သူအပြင်ထွက်လာသော် တိုက်တိုက်ဆိုင်ဆိုင်ပင် ကျောက်မင်ဇယ်နှင့်တွေ့လေသည်။ ကျောက်မင်ဇယ်က လုကျန်း စိတ်ဓာတ်ကျနေတာကို မြင်တော့ အကျိုးအကြောင်းမေးပါ၏။ လုကျန်းကတော့ ကျောက်မင်ဇယ်ရဲ့ အတွေးကိုမသိပါပေ။ သူ၏ ဘော်ဒါရင်းချာလိုသာ သတ်မှတ်ထားပြီး အရက်မူးတဲ့အခါ အိတ်သွန်ဖာမှောက်ရင်ဖွင့် လေ့ရှိပါ၏။ ကျောက်မင်ဇယ်က အပေါ်ယံတွင်သာ လုကျန်းကို နှစ်သိမ့်လေ့ရှိသော်လည်း သူ့ရင်ထဲတွင် အခြားသော အတွေးများကိန်းအောင်းလျက် ရှိနေသည်ပင်။

ဒါက ဇာတ်ညွှန်းထဲ ရှိ အကြောင်းအရာများသာဖြစ်ချေ၏။

အခုတော့၊ လင်းကျစ်ရန် လမ်းဘေးတွင်ရပ်နေပြီး ကားထဲရှိ ကျောက်မင်ဇယ်၏ ဥာဏ်များသောမျက်နှာကို ကြည့်လိုက်သည်။ အချိန် အတော်ကြာအပြီးမှာ ခြောက်ကပ်ကပ်ပြုံးပြကာ။

" ဆောရီးကွာ။ ငါနည်းနည်း မူးနေလို့ "

ကျောက်မင်ဇယ်က သူ့ကိုကြည့်ကာ။

" မင်း သောက်ထားတာလား "

လင်းကျစ်ရန်၏ အမူအရာက အနည်းငယ်မဲမှောင်နေလေသည်။ သူဒီအကြောင်းကိုမပြောချင်တာကြောင့် ပြုံးကာ။

" မင်းက ဒီကို ဘာလာလုပ်တာလဲ "

ကျောက်မင်ဇယ် မှာ သူ၏ သွယ်လျသော လက်ချောင်းများဖြင့် စတီယာတိုင်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ရုတ်တရတ်ပြုံးကာ။

" ငါဒီတိုင်း ဖြတ်လာရုံပဲ။ ဒါပေမယ့် မင်းနဲ့ဝင်တိုးမိမှတော့ ငါတို့ထပ်ပြီးသွားသောက်​ကြတာပိုကောင်းမယ် "

လင်းကျစ်ရန် တုံ့ဆိုင်းနေမိသည်။

ကျောက်မင်ဇယ်၏ မျက်ဝန်းများက နွေးထွေးပြီးတည်ငြိမ်နေကာ ဖြည်းညှင်းစွာပြောလာပါ၏။

" ငါ့ကို အဖော်ပြု ပေးတယ်လို့ပဲ သဘောထားလိုက်ပါ "

လင်းကျစ်ရန် ခနတောင့်တင်းနေမိပြီး နောက် ခေါင်းခါကာ ပြုံးလိုက်သည်။ ထို့နောက် ကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်တော့သည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now