Part 1*

220K 7.8K 388
                                    

ခမ်းနားထည်ဝါလှတဲ့ အိမ်ထဲ အလုပ်သမားများအလုပ်ရှုပ်နေကြသည်။ ခြံဝန်းထဲ သန့်ရှင်းရေးလုပ်သူများလည်းရှိနေသလို အိမ်ထဲသန့်ရှင်းရေးလုပ်နေသူများလည်းရှိနေသည်။

အားလုံးအလုပ်ရှုပ်နေကြပါသော်လည်း အခန်းတစ်ခုထဲတွင် အေးချမ်းစွာအိပ်ပျော်နေသော လူသားတစ်ယောက်ရှိသည်။ အပြင်ကအသံတွေကိုမကြားနိုင်ခြင်းဟာလည်း တခြားကြောင့်တော့မဟုတ်။ အသံလုံအောင်တည်ဆောက်ထားတဲ့အခန်းကြောင့်သာဖြစ်သည်။

အိစက်ညံ့ညောနေသော မွေ့ယာထက် အေးချမ်းစွာ အိပ်ပျော်နေသောသူမှာ တခြားသူတော့မဟုတ်။ ဒီအိမ်တော်ကြီးရဲ့ အရှင်သခင် သီဟမင်းထင်၏ ခင်ပွန်း မြတ်ထွဋ်ခေါင်သာ ဖြစ်သည်။

အံ့သြနေကြမလား။ ဟုတ်ပါတယ် သီဟမင်းထင်နဲ့မြတ်ထွဋ်ခေါင်ဟာ မိဘတွေရဲ့စီစဉ်ပေးမှုကြောင့် လက်ထပ်ထိမ်းမြားထားသူများဖြစ်သည်။

စီးပွားရေးအရ နှစ်ယောက်လုံးအားမသိကြသူမရှိ။ လက်ထပ်ချိန်အခါကလည်း တစ်နိုင်ငံလုံး အုံ့အုံ့ကြွကြွဖြစ်ခဲ့ရသေးသည်။

နှစ်ယောက်လုံးရဲ့အကျင့်တွေဟာ ဆန့်ကျင်ဘက်များသာ။ မြတ်ထွဋ်ခေါင်ဟာ သီဟမင်းထင်ထက် အသက်သုံးနှစ်ကြီးသည်။ မြတ်ထွဋ်ခေါင်ဟာ တဇွတ်ထိုးလုပ်တတ်ပေမယ့် သီဟမင်းထင်ကတော့ ခပ်တည်တည်သာနေတတ်သူဖြစ်သည်။

စားပွဲပေါ်တင်ထားတဲ့ ဖုန်းသံကြောင့် မြတ်ထွဋ်ခေါင် စိတ်ငြီးငြူစွာ နိုးထလာသည်။

" ပြော "

" ဒီနေ့ သီဟမင်းထင် ပြန်လာမှာ သားသိပြီးပြီလား "

" အင်း "

" အမေက မသိဘူးဖြစ်နေမှာစိုးလို့ "

" ဒါပဲမလား အမေ "

" အေးအေး သား "

ဖုန်းကိုတိခနဲချကာ စောင်ထဲပြန်ကွေးနေလိုက်သည်။ အိပ်ဖို့ကြံလိုက်ပေမယ့် မျက်လုံးတွေဟာ အိပ်မရတော့တာမို့လှဲပြီးသာနေရတော့သည်။

တစ်သက်နဲ့တစ်ကိုယ် ယောက်ျားရမည်ဟု မြတ်ထွဋ်ခေါင်မထင်ခဲ့ပါ။ နှစ်ယောက်သားဆက်ဆံရေးအဆင်ပြေလားလို့မေးရင်လည်း မပြေတာတော့မဟုတ်။ စကားကိုလိုမှပြောဖြစ်တဲ့အနေအထားတစ်ခုသာ။

မောင့်မူပိုင် (Completed) Where stories live. Discover now