Extra******

24K 1.4K 19
                                    

" မောင် "

" ဗျာ "

" မောင် "

" ဗျာ "

" မောင် "

" ပြောလေ အချစ်ရဲ့ "

ပြောစရာရှိတာ မပြောပဲ မောင်လို့သာ ခေါ်နေသူအား စိတ်မရှည်သော လေသံတစ်စွန်းတစ်စမျှ မပါပဲ မေးလိုက်သည်။

အလုပ်စားပွဲမှာ ထိုင်နေသည်မို့ အရှေ့က Sofa မှာ ထိုင်နေသူအနား လျှောက်လာခဲ့၏။ ပြီးနောက် ထွဋ်ခေါင်ဘေး ထိုင်ကာ

" အချစ် ဘာပြောမလို့လဲ "

" ဒီနေ့ ငါတို့ Date ကြမလား "

" အချစ်သဘောလေ " ဆိုကာ ထွဋ်ခေါင်ရဲ့ ရှေ့ကိုဝဲကျနေတဲ့ ဆံပင်တွေကို သပ်တင်ပေးကာ ပြောလိုက်၏။

" မောင်က စိတ်မပါသလိုပဲ "

" ဟောဗျာ ဘယ်နားက စိတ်မပါသလို ဖြစ်သွားလဲဗျ "

" မောင်က အချစ်သဘောလေလို့ဖြေတာက စိတ်မပါတာပဲပေါ့ "

" ဟဟ အချစ်ကတော့ကွာ "

" မောင်နော် ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့၊ ငါဆွဲထိုးလိုက်မှာ "

" အချစ်က မောင့်ကို ထိုးရက်တယ်ပေါ့ "

" .......... "

" ကဲပါဗျာ အခု သွားရအောင်၊ အချစ် သွားချင်တဲ့နေရာ ရှိလား "

" ရှိတယ် "

" ဒါဆို သွားရအောင်၊ ဒါပေမယ့် "

" ဘာကို ဒါပေမယ့်လည်း "

" မောင့်ကို နမ်းခွင့်ပြုဉီး "

" မောင်....အွန့် "

ခွင့်ပြုခြင်း အဖြေကိုမစောင့်ပဲ နမ်းနေကျ နှုတ်ခမ်းလေးကို ဖိကာ နမ်းတော့ ထွဋ်ခေါင်က ရုန်းသည်။ သို့သော် သီဟက အလွတ်မခံပေ။

" ရပြီ "

" တွေ့လား နှုတ်ခမ်း ပေါက်သွားပြန်ပြီ၊ အပြင်ထွက်လည်မှာပါဆို "

" မောင်က ချစ်လို့ နမ်းတာ "

" ချစ်လို့နန်းတာမဟုတ်ရင်လည်း မောင့်ကို ငါ အရင်သတ်မှာ "

ထွဋ်ခေါင် ပြန်ဖြေလာတဲ့စကားကြောင့် သီဟ တကယ်ပင် ရီမိသည်။ ထွဋ်ခေါင်ရဲ့ အပြုအမူတွေက ဘယ်လောက်ပဲ သူများတွေအပေါ် ပြောင်းလဲနေပါစေ သီဟအပေါ်တော့မပြောင်းလဲ။

မောင့်မူပိုင် (Completed) Where stories live. Discover now