Notice!

7.6K 248 18
                                    

မောင့်မူပိုင်နဲ့ပတ်သတ်ပြီး Jenny ပြောစရာလေးရှိလို့ပါ။ စာရှည်ပေမယ့် သေချာလေး ဖတ်ကြည့်စေချင်ပါတယ်။

စာရေးတဲ့အခါ Character ပိုင်းနဲ့ပတ်သတ်ပြီး အများကြီး စဉ်းစားခဲ့ရပါတယ်။ အားထုတ်ခဲ့ရပါတယ်။ အကောင်းဆုံးဖြစ်စေချင်လို့ပါ။ ကိုယ့်စိတ်ရင်းနဲ့ မွေးထုတ်လိုက်တဲ့ သားသမီးတွေဆိုလည်း မမှားပါဘူးနော်။

ဒါကိုမှ Jenny ရေးထားတဲ့ စာတွေအောက်မှာ တခြားသော Character တွေနဲ့ ပတ်သတ်ပြီး ရေးကြတာကိုမြင်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ မောင့်မူပိုင်ရေးခဲ့စဉ်ကလည်း ကိုယ်တိုင်သီးသန့်ဆန်ဆန်လေးဖြစ်ချင်လို့ Adult Scence တွေမထည့်ခဲ့ပါဘူး။ ဒါတွေနဲ့ပတ်သတ်ပြီးလည်း အရင်က ဝေဖန်ခံခဲ့ရပြီးပါပြီ။ ဒါက Jenny ရဲ့ ကိုယ်ပိုင်မူရင်းပုံစံပါပဲ။ ရေးလာတဲ့ Fic မှန်သမျှ ဒီပုံစံအတိုင်းပဲဆိုတာ ဖတ်ဖူးသူတိုင်းလည်းသိပါလိမ့်မယ်နော်။

ဒါကြောင့်စာအုပ်မဖြစ်လာခင် ဝေဖန်အကြံပြုတာမျိုးကို တစ်ပတ်အတွင်း Jenny ဆီကို အတိအကျ လာရောက်အကြံပြုလို့ရပါတယ်။ စာအုပ်ထုတ်ပြီးမှ ဆိုရင် Jenny ဘက်က ဖြေရှင်းလို့အဆင်မပြေတာမျိုး ဖြစ်နိုင်လို့ပါ။ ဒါကြောင့် အဆင်မပြေတာရှိရင် တခါတည်း Jenny ကို တိုက်ရိုက်လာပြောလို့ရပါတယ်။

ပြီးတော့ တချို့သော Universal Words တွေက တူညီသွားတာမျိုးရော မဖြစ်နိုင်ဘူးလားဟင်။ Jenny ကိုယ်တိုင်က စာရေးသူဖြစ်နေသည့်တိုင် ဖတ်တဲ့ Fic ဆိုတာရှားပါတယ်။ အဓိကကတော့ Character လွှမ်းမိုးတာခံရမှာစိုးတဲ့အတွက်ကြောင့်ပါ။

မောင့်မူပိုင်ကို Oct 18 2021 to Dec 7 2021 ဒီကာလအတွင်း ရေးခဲ့ပါတယ်။ Ongoing လိုက်ခဲ့သူတိုင်းလည်း သိပါတယ်။ ဒါကြောင့် ဖတ်ပြီး အကြံပြုချင်တာရှိရင် Jenny စီကိုပဲ တိုက်ရိုက်လာခဲ့စေချင်ပါတယ်။

Jenny ပုံမှာ ပြထားတဲ့ စကားနဲ့ပတ်သတ်ပြီး ပြောရရင် အဲ့စကားကို Nov 11 2021 မှာ ရေးခဲ့ပါတယ်။ Wp ရဲ့ Comment အစမှာလည်း ကြည့်လို့ရပါတယ်။ ဒါကိုမှ ဘယ်သူနဲ့တူပါတယ်။ ဘယ်သူ့ကို သတိရပါတယ်ဆိုပြီး ပြောလာတဲ့အပေါ်ကိုတော့ ကိုယ်တိုင်စိတ်မကောင်းဖြစ်ရပါတယ်။ Jenny ရဲ့ Character ကို Character ပုံစံအတိုင်းပဲ မြင်စေချင်ပါတယ်။

မောင့်မူပိုင် (Completed) Where stories live. Discover now