Part 3*

66.5K 5.1K 125
                                    

ညနေခင်းသွားရမည်ဆိုသော ညစာစားပွဲတစ်ခုကြောင့် မလိုက်ချင်ပေမယ့်လိုက်ရဉီးမည်မို့ မျက်နှာကတော့ ဆူပုတ်နေသည်။ ရှိုင်းသန့်ပို့ပေးထားတဲ့ ဝတ်စုံကိုဝတ်ကာ ရေမွှေးဆွတ်လိုက်သည်။

အောက်ထပ်ကိုဆင်းလာတော့ သီဟက အဆင့်သင့်ထိုင်စောင့်နေသည်။ အနားမှာသွားရပ်တော့ Tablet ကိုကြည့်နေရာမှ မော့ကြည့်လာသည်။

" သွားလို့ရပြီလား "

" ရပြီ "

ပြတ်တောင်းသောစကားနဲ့အတူ အရှေ့ကနေထွက်သွားသည်။ မင်းဝေဖွင့်ပေးထားတဲ့ကားပေါ်တက်ကာ နှစ်ယောက်သား ညစာစားပွဲရှိရာသို့ဉီးတည်လိုက်သည်။

Hotel ရှေ့ရောက်တော့ အထဲကိုဝင်ဖို့လုပ်နေသူအား သီဟဖမ်းဆွဲလိုက်သည်။

" ဘာလဲ မဝင်ဘူးလား "

" ကျွန်တော့်လက်ကိုကိုင်ထား "

" ဘာကိစ္စကိုင်ရမှာလဲ "

" ကျစ်! ခင်ဗျား.... "

သီဟ စိတ်မရှည်စွာဖြင့် ထွဋ်ခေါင်ရဲ့လက်နဲ့သူလက်အား ယှက်ကာ ဆုပ်ကိုင်လိုက်သည်။ အလိုမကျမှုများနဲ့ဖြစ်နေသော ထွဋ်ခေါင်ကတော့ မျက်နှာက ဆူပုတ်ပုတ်သာ။

စီးပွားရေးလုပ်ငန်းရှင်တော်တော်များများရောက်နှင့်နေကြပြီဖြစ်ပြီး နှစ်ယောက်သား လက်ချင်းယှက်ကာဝင်လာတာကြောင့် မမြင်ဖူးသည့်အတိုင်းကြည့်နေကြသည်။

" ဒီက သီဟမင်းထင်လားမသိ "

အနောက်က ခေါ်သံတစ်ခုကြောင့် လှည့်ကြည့်မိလိုက်သည်။

" ဟုတ်ပါတယ်ဗျ "

" ငယ်ငယ်လေးပဲ ရှိသေးတာပဲ "

" ဒါနဲ့ ဒီဘက်က "

" ကျွန်တော့်ခင်ပွန်း မြတ်ထွဋ်ခေါင်ပါ "

" လူငယ်လေးနှစ်ယောက်ဆိုတော့ အများကြီးအောင်မြင်နေတာပဲ Congratulations!"

" ကျေးဇူးပါဗျ "

တစ်ယောက်ချင်း လာမိတ်ဆတ်ကြတာမို့ မပြုံးချင်ပဲ ပြုံးရသေးသည်။

" ဘာသောက်မလဲ "

" ငါ သောက်ချင်တာကို မင်းတိုက်မှာလား "

မောင့်မူပိုင် (Completed) Where stories live. Discover now