Part 23*

52.7K 4.1K 170
                                    

ထမင်းစား စားပွဲကနေ အမြန်ထကာ ထွဋ်ခေါင်နောက်အပြေးလိုက်တော့သည်။ ကားထဲဝင်ရန်လုပ်နေသူအား အနောက်မှနေကာပွေ့ဖက်လိုက်ပြန်သည်။

" ဖယ်စမ်း! "

" ခုဏကလို ပြန်ပြောကြည့် "

" ဘာပြောရမှာလဲ! "

" ခုဏကလိုလေ "

" အလုပ်သွားရအောင် လို့ပြောတာလေ ဘာထပ်ပြောရဉီးမှာလဲ!"

" အဲ့တာမဟုတ်ဘူး အဲ့တာရဲ့နောက်က ပြောတဲ့စကားလုံးကို နားထောင်ချင်တာ "

" ဘာမှမပြောခဲ့လို့ ဘာမှနားထောင်စရာမရှိဘူး ဖယ်ကွာ အလုပ်သွားမလို့! "

" မရဘူးဗျာ၊ လုပ်ပါ တစ်ခါလေးပဲ "

" မောင်လို့ခေါ်တာ မကျေနပ်ဘူးလားပြော!"

" ကျေနပ်တာပေါ့ ကျေနပ်တယ်၊ သိပ်ကိုကျေနပ်တယ် "

မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်ကာ ထွဋ်ခေါင်ကားထဲဝင်လိုက်၏။ ပြီတီတီလုပ်နေတဲ့ သီဟရဲ့မျက်နှာအားကြည့်ကာထွဋ်ခေါင်ရီချင်လာသည်။

ဒါလေးခေါ်တာအဲ့လောက်ဖြစ်စရာလိုသလား။

မကြာလိုက်ပါ။ ကားနောက်ခန်းမှာတူတူထိုင်နေရာမှ သီဟရဲ့လက်တစ်ဖက်ဟာ ထွဋ်ခေါင်ရဲ့လက်တစ်ဖက်အားအုပ်မိုးကာကိုင်လာ၏။

လက်ကိုရုန်းတော့

" ငြိမ်ငြိမ်နေ သဲငယ်၊ လက်လေးကိုင်ထားချင်လို့"

" မင်းအခေါ်အဝေါ်တွေ ပြင် သီဟမင်းထင်! "

" မပြင်ပါဘူး ခင်ဗျားပဲ အဖြေပေး.... "

စကားမဆုံးခင်မှာပဲ ထွဋ်ခေါင်က သီဟရဲ့ပါးစပ်အားလက်ဖြင့်ပိတ်တော့သည်။ အရိပ်အကဲကိုကြည့်တော့ ရှေ့က ကားမောင်းနေတဲ့ရှိုင်းသန့်အားညွှန်ပြနေ၏။

" မင်း ငြိမ်ငြိမ်နေစမ်း သီဟမင်းထင်! "

" သီဟမင်းထင်လို့ မခေါ်ပါနဲ့ဆို သဲငယ်ကလည်း "

" ဟ မင်းဘယ်လိုဖြစ်နေတာလဲ "

" သဲငယ်က မောင့်စကားမှနားမထောင်တာ "

" ငါ ဘယ်နှခါနားထောင်ဖူးလို့လဲ "

ဟုတ်လည်းဟုတ်သည်။ သီဟစကားကိုအလေးအနက်ထား နားထောင်လေ့မရှိသူက တစ်ဉီးတည်းသောချစ်ရသူမဟုတ်လား။

မောင့်မူပိုင် (Completed) Where stories live. Discover now