လက်ရှိကာလ....
ဂျစ်ကန်ကန်ဖြစ်နေတဲ့အကျင့်က လက်ထပ်ပြီးကတည်းက အခုချိန်ထိသာ။ ကိုယ်ကသဘောကျရသူမို့ သူဘယ်လောက်ပဲဂျစ်ကန်ကန်လုပ်နေလုပ်နေအဆင်ပြေသည်။
ဧည့်ခန်းထဲ အတူတူထိုင်နေပြီး သတင်းစာဖတ်နေသော မြတ်ထွဋ်ခေါင်အား သီဟမင်းထင်က
" ခင်ဗျား ဒီနေ့ရောအလုပ်မသွားဘူးလား "
" မသွားဘူး "
" ကျုပ်လည်းမသွားဖြစ်ဘူး အဲ့တာကြောင့် ခင်ဗျားသွားချင်ရင်သွားလို့ ပြောမလို့ "
" ကျစ်!!! မင်း ဘာလုပ်စရာရှိလို့ အဲ့လောက်သွားစေချင်နေတာလဲ "
" မဟုတ်ဘူးလေ ခင်ဗျားသွားချင်ရင်သွားဖို့မေးတာပဲရှိတယ် ခင်ဗျားကိုအတင်းသွားခိုင်းနေတာမှမဟုတ်ပဲ "
" ငြိမ်ငြိမ်နေလိုက်တော့ သီဟမင်းထင်! "
အစ်ကိုက ဘယ်လောက်ပဲ ကောင်းတာတွေပြောပြော ထွက်လာတဲ့စကားတွေက ကန့်လန့်ဆန်ဆန်စကားများသာ။
" Boss "
" ပြော "
" ဧည့်သည်ရောက်နေပါတယ် "
" ဘယ်သူ! "
ဧည့်သည်လာတာရှားတဲ့သူတို့စီကိုဘယ်ကဧည့်သည်ရောက်နေတာပါလဲ။ များသောအားဖြင့်နှစ်ဖက်မိဘတွေသာ လာတာမို့နည်းနည်းတွေဝေသွားသည်။
" ပိုးအိလို့ပြောပါတယ် Boss နဲ့တွေ့ချင်လို့ပါတဲ့ "
" ကျစ်! "
သီဟ စိတ်ငြီးငြူစွာ ထိုင်နေရာမှထလိုက်သည်။ ထိုင်နေတဲ့ ထွဋ်ခေါင်ကိုကြည့်လိုက်တော့ စူးရဲရဲအကြည့်တွေကိုရလိုက်သည်။
သီဟ အိမ်တံခါးနားရောက်တော့ ရပ်စောင့်နေတဲ့ပိုးအိကိုတွေ့ရသည်။
" အစ်ကို "
" ဘာလာလုပ်တာလဲ "
" အစ်ကိုကလည်း မတွေ့တာကြာလို့ လာတွေ့တာလေ "
" ဧည့်သည်ကို အိမ်ထဲခေါ်လိုက်ဉီး၊ ငါ့ကြောင့်အနှောက်အယှက်ဖြစ်စရာမလိုဘူးနော် ဟက်! "
နောက်ကနေပြောလာတဲ့ မြတ်ထွဋ်ခေါင်ရဲ့စကားက ခနဲ့တဲ့တဲ့ဖြစ်နေသည်။
YOU ARE READING
မောင့်မူပိုင် (Completed)
RomanceMarriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက်ဆိုင်ပါဘူး။ sweet တဲ့အပိုင်းပိုသွားမှာမို့ သဘောမကျပါက ကျော်သွားပေးဖို့ တောင်းဆိုပါရစေ။