Part 36*

37.5K 2.8K 39
                                    

" မောင့်ကို လွမ်းတယ် "

စကားကလေးက ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် သီဟရင်ထဲဝယ် ဗြောင်းဆန်သွားသည်။ ချစ်တယ်၊လွမ်းတယ်ဆိုတဲ့စကားကို လွယ်လွယ်မပြောတတ်တဲ့သူက အခုတော့ လွမ်းသည်တဲ့။ မျက်ရည်ကျခဲတဲ့သူကလွမ်းလို့ဆိုကာမျက်ရည်ကျနေပြန်သည်။

ရူးအောင်များပြုစားနေသလားချစ်ရသူ။

" သဲငယ်ကွာ! "

" ငါ့ကိုရော လွမ်းရဲ့လား "

" ဘယ်လိုများမေးလိုက်တာလဲ၊ ဒီကောင်ကသေမတတ်လွမ်းနေရတာ၊ အချစ်ရဲ့ မောင်ဆိုတဲ့ခေါ်သံကြောင့်မလာအောင်ထိန်းချုပ်ထားရတာ "

" ငါ ငါဘာဖြစ်မှန်းမသိဘူး၊ ငါ မောင့်ကိုလွမ်းတယ် "

" မငိုပါနဲ့ဗျာ၊ အရမ်းများပင်ပန်းနေလား၊ မောင်ဆက်လုပ်လိုက်ရမလား "

" ဟင့်အင်း ငါ့ဘာသာငါအဆုံးသတ်လိုက်မယ်"

" ဟိုကိစကိုခေါင်းထဲကထုတ်လိုက်တော့နော်၊ မောင်ရှင်းပေးမယ်"

" အင်း "

မျက်နှာလေးငယ်ကာ မြင်ရသည်မို့ ပြေးကာသွားတွေ့ချင်မိသည်။ မျက်နှာထက်ကမျက်ရည်တွေကိုလည်း ကိုယ်တိုင်ဖယ်ရှားပေးချင်မိသည်။ ချစ်ရသူရဲ့မျက်ရည်အား ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ်မမြင်လိုပါ။

" နားဉီးလေ ပင်ပန်းလာတယ်မလား "

" မောင် အိပ်ချင်လို့လား "

" မဟုတ်ပါဘူး သဲငယ်ပင်ပန်းနေတယ်ထင်လို့၊ မောင်စောင့်ဆိုစောင့်ပေးမယ်လေ "

" အင်း စောင့်ပေး"

ထိုစကားကြောင့် သီဟ အသည်းယားလာသည်။ ခွဲနေရတဲ့အချိန်လေးမှာ ချစ်ရသူစီက မကြားဖူးတာတွေကြားနေရသည်။

" မောင်! "

" ဗျာ "

" မောင် ငါ့ကို လှောင်နေတာမလား "

" ဟောဗျာ မလှောင်ရပါဘူး၊ "

" အဲ့တာဆို ဘာလို့ပြုံးနေတာလဲ "

" သဲငယ်ကိုချစ်လို့ "

" ဟမ် ဘာဆိုင်လို့"

" အချစ်တွေကြောင့် ပြုံးမိတာပေါ့ဗျာ၊ သဲငယ်သိလား မောင်ကလေ အရင်ကလူဆိုးလူကြမ်းပေါ့၊ ဒါပေမယ့် သဲငယ်နဲ့တွေ့ရပြီးနောက်ပိုင်း မောင်လူဆိုးလူကြမ်းလုပ်ရတယ်ထက် သဲငယ်ကိုသဘောကျရတဲ့အလုပ်ကို ပိုပြီးသဘောကျတယ်"

မောင့်မူပိုင် (Completed) Where stories live. Discover now