Part 10*

57K 4.3K 117
                                    

" တောက်စ်!!!! "

တစ်ဖက်တွင် ပြန်ကြားရသော စကားတွေကြောင့် ဒေါသထွက်နေသည်။ တစ်ယောက်တည်း Bar ကို လာလောက်မည်ဟုတွေးကာ အခုလိုကြံစည်လိုက်ခြင်းဖြစ်၏။

" ဘာလို့ ဒီနေ့မှ နှစ်ယောက်လုံးရှိနေရတာလဲ!!! "

ခုံကို ဘုန်းခနဲမြည်အောင်ရိုက်ချလိုက်တာမို့ အရှေ့က သူတွေမှာလည်းတုန်လှုပ်သွားသည်။ အခန်းတွင်းဒေါသထွက်နေသူမှာ တခြားသူတော့မဟုတ် မင်းမြတ်စိုးဖြစ်သည်။

မင်းမြတ်စိုးနဲ့ သီဟမင်းထင်ဟာ စီးပွားရေးပြိုင်ဖက်ဖြစ်သလို ငယ်စဉ်ကျောင်းသားဘဝကတည်းက အမြင်မကြည်ကြတဲ့ရန်သူများဖြစ်သည်။ ဒါကိုလည်း မြတ်ထွဋ်ခေါင် သိပြီးသားဖြစ်သည်။

မင်းမြတ်စိုးရဲ့ ပြိုင်ဆိုင်လိုစိတ်က ထက်သန်နေတာကြောင့် အခုလိုဖြစ်နေရသည်။ သို့သော်သူကိုယ်တိုင်ကတော့မသိပေ။

" မင်းတို့တွေ အသုံးကိုမကျဘူး!!! "

* ဒီတစ်ခေါက်တော့ ရှိစေတော့၊ နောက်မှတွေ့ကြတာပေါ့ *

...................

မနေ့ညက နှစ်ယောက်လုံးသောက်ထားတာကြောင့် အချိန်နောက်ကျနေပြီဖြစ်သော်လည်းမထကြပေ။

ခုံပေါ်က မြည်လာတဲ့ ဖုန်း vibrate သံကြောင့် သီဟ နိုးလာသည်။ ဖုန်းကိုကိုင်လိုက်တော့

" သား "

" ပြော မာမီ "

" ဒီနေ့ သားတို့နှစ်ယောက် အိမ်လာခဲ့ပါလားလို့ "

" ကျွန်တော် အစ်ကို့ကို တချက်မေးကြည့်လိုက်မယ် "

" အေးပါကွယ် လာဖြစ်အောင်တော့ပြောကြည့်နော် "

" ဟုတ်ကဲ့ "

သီဟဖုန်းကိုချကာ ဘေးကိုကြည့်မိတော့ ထွဋ်ခေါင်က အိပ်မောကျနေဆဲဖြစ်သည်။ မနှိုးသေးပဲထားထားလိုက်သည်။

မျက်နှာသစ်သန့်စင်ပြီးနောက် အောက်ထပ်ကိုဆင်းလာတော့

" Boss မနက်စာစားတော့မလား "

" မစားတော့ဘူး ပျားရည်လေးတစ်ခွက် ကျွန်တော့်ကိုပြင်ပေးမလား "

" ဟုတ်ကဲ့ "

" မင်းဝေ "

" ဗျာ Boss "

မောင့်မူပိုင် (Completed) Where stories live. Discover now