Extra*****

21.2K 1.3K 29
                                    

" အစ်ကိုထွဋ်ခေါင်နဲ့ တွေ့ချင်လို့ပါတဲ့ "

အတွင်းရေးမှူးရဲ့ အသံကြောင့် ထွဋ်ခေါင် မျက်ခုံးကိုပင့်တင်မိသည်။ Companyကို တစ်လနေလို့မှ တစ်ရက်နှစ်ရက်သာလာဖြစ်တဲ့သူ့အား ဒီနေ့မှာ ဘယ်သူကများလာတွေ့တာပါလဲ။

" အင်း ဝင်ခဲ့ "

ရောက်လာခဲ့သူအားကြည့်လိုက်တော့ အရွယ်ငယ်သေးသည့် မိန်းမပျိုတစ်ဉီး။ ပုံစံကိုကြည့်ကာ ပြီးပြည့်စုံတဲ့အသိုင်းအဝိုင်းတစ်ခုကလာသည်မှာ အသေအချာပင်။

" ဟို ထိုင်လို့ရမလား "

" ထိုင်ပါ "

အလုပ်စားပွဲခုံကနေမထပဲ ဖြေလိုက်၏။ ထိုမိန်းကလေးကတော့ အရှေ့က sofa ပေါ်သွားထိုင်၏။

" ကိစ္စရှိလား "

" အစ်ကိုသီဟမင်းထင်ရော "

" ဘာကိစ္စများရှိလို့လဲဗျ၊ ကျွန်တော့်ရုံးခန်းလာရင် ကျွန်တော်နဲ့ပတ်သတ်တာပဲပြောပါ၊ မောင့်အကြောင်းမပါပါစေနဲ့ "

တမင်သပ်သပ်ပင် မောင် ဆိုတဲ့အသုံးအနှုန်းကိုသုံးကာ ခပ်တန်းတန်းဖြေလိုက်သည်။

" မဟုတ်ပါဘူး၊ ညီမက အစ်ကိုသီဟအကြောင်းလေး တိုင်စရာရှိလို့ သူရှိမရှိအတည်ပြုကြည့်တာပါ "

ထိုစကားကြောင့် ထွဋ်ခေါင် မျက်မှောင်ကြုံ့လိုက်သည်။ မောင့်ကို သံသယဖြစ်လို့မဟုတ်ပဲ ထိုမိန်းကလေးရဲ့ပုံစံအားဘဝင်မကျ၍ပင်။

" ညီမနဲ့ အစ်ကိုသီဟက တစ်ခေါက်တွေ့ဖူးပါတယ်၊ အဲ့တာလေ ညီမက model ဆိုတော့ ညီမကိုအာရုံစိုက်နေကြတဲ့သူတွေများတယ်ရှင့် "

" ......... "

ထွဋ်ခေါင် တကယ်ဆိုရင် ထိုစကားတွေကိုနားထောင်ဖို့ထိအစီအစဉ်မရှိ၊ သို့သော်လည်း တစ်ခုခုကိုစမ်းကြည့်ချင်တာကြောင့် ဘာမှမပြောပဲ နားထောင်နေလိုက်သည်။

" အဲ့တာ တစ်ရက် Hotel တစ်ခုမှာ အမှတ်မထင်တွေ့ကြပြီး တိုက်မိတာလေးကိုပဲ ဓာတ်ပုံတွေရိုက်ပြီး ညီမကို ချိန်းခြောက်နေလို့ရှင်၊ ညီမက ရိုးရိုးသားသားပါပဲ၊ ဒါပေမယ့် အစ်ကိုသီဟက ထိကပါးရိကပါးလာလုပ်ပါတယ် "

မောင့်မူပိုင် (Completed) Where stories live. Discover now