Extra****

26K 1.5K 11
                                    

ထွဋ်ခေါင်တစ်ယောက် ကုတင်ပေါ်  လှဲအိပ်ကာ ဟိုလှည့်ဒီလှည့်လုပ်နေသည်။ မျက်နှာကလည်း အလိုမကျမှုနဲ့ပြည့်နေသည်။ အကြောင်းကတော့ အလုပ်ကြောင့်ခရီးထွက်သွားရတဲ့ သီဟကြောင့်သာဖြစ်သည်။

လိုက်ဖို့စီစဉ်ခဲ့ပေမယ့် အရေးတကြီးကိစတွေပေါ်လာခဲ့တာကြောင့်မလိုက်ခဲ့ရပဲကျန်ခဲ့သည်။ မျက်နှာမမြင်ရသည်မှာ နှစ်ရက်လောက်တောင်ရှိနေပြီဖြစ်သည်။

အိမ်ကနေဘယ်မှလည်းမသွားချင်။ မသွားချင်တာထက် အလိုမကျမှုများကြောင့်ဘာမှလုပ်ချင်စိတ်ရှိမနေခြင်းသာ။

ဒေါက်...ဒေါက်

" ဘယ်သူလဲ "

" ကျွန်မပါ သခင်လေး၊ သခင်လေးသီဟ ဖုန်းဆက်လို့ပါ "

ထွဋ်ခေါင်အားဆက်မရ၍ အိမ်ဖုန်းကိုဆက်လိုက်တာဖြစ်မည်။ ဆက်လို့မရတာကတခြားမဟုတ် စိတ်တိုတိုနဲ့သူကိုယ်တိုင်စက်ပိတ်ပြီးထားထားခြင်းဖြစ်သည်။

အခန်းဝမှာရပ်နေတဲ့သူစီက ဖုန်းကိုယူလိုက်ကာ တံခါးကိုပိတ်ချပြီး ဖုန်းကိုနားရဲ့ အနားသို့ကပ်ကာကိုင်လိုက်သည်။

" အချစ် နေကောင်းရဲ့လား၊ အဆင်မပြေတာရှိလား၊ တစ်ခုခုများဖြစ်နေလားဟင် မောင့်ကိုပြောပါဉီး "

ဖုန်းပိတ်ထားရခြင်းအကြောင်းအရင်းကို အရင်မမေးပဲ စိတ်ပူကာမေးခွန်းတွေချည်းမေးနေသူအား ဖုန်းကိုပြန်ကြည့်ကာမျက်စောင်းထိုးလိုက်သည်။ သူမမြင်သော်ငြားလည်း အလိုမကျတာအတွက်တော့ ဒီလိုလုပ်လိုက်ခြင်းသာ။

" ဘာမှမဖြစ်ဘူး "

ထုံးစံအတိုင်း လေသံကပျော့မနေ။ တစ်တီတူဖို့ဆိုတာ ဝေး၊ ဘယ်တော့မှစိတ်မရှည်ပေမယ့် ချစ်ရသူကတေယ့အစွမ်းကုန်ချစိပါ၏။ ဒါကြောင့်လည်း အနိုင်တွေယူနေမိတာဖြစ်လိမ့်မည်။

" ပြောပါဉီး ဘာတွေအလိုမကျဖြစ်နေတာလဲ "

" ဘာဖြစ်ဖြစ်ပေါ့ "

" မျက်စောင်းတွေချည်းထိုးမနေနဲ့နော် မောင့်အချစ်၊ မျက်လုံးတွေစွေကုန်လိမ့်မယ် "

ဒါလည်းသိတာပဲလား။ မမြင်ရတာတောင် အပြုအမူတွေကိုအလွတ်ရနေသည်လား။ ထူးတော့မထူးဆန်းပါ။ မောင်ကသူ့ကိုအရမ်းချစ်တာမဟုတ်လား။

မောင့်မူပိုင် (Completed) Where stories live. Discover now