Part 8*

52.9K 4.5K 109
                                    

သီဟထွက်သွားပြီးမကြာလိုက် အိမ်တော်ထိန်းရောက်လာသည်။

" Boss က သန့်ရှင်းရေးလုပ်ဖို့ ပြောခဲ့လို့ပါ "

" အပြင်ထွက်သွားတာလား "

" ဟုတ်ပါတယ် သခင်လေး "

အိမ်တော်ထိန်း အခန်းထဲက ပြန့်ကျဲနေတာတွေကိုသိမ်းပြီးထွက်သွားသည်။ ခုံပေါ်မှာတင်ထားတဲ့ဖုန်းကိုယူကာ သတင်းတွေသာဖတ်နေလိုက်သည်။

.................

အိပ်ရာပေါ်မှာလှဲနေရတာ ပျင်းလာတာကြောင့် ရုပ်ရှင် ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ ရုပ်ရှင်ကြည့်နေတုန်း ထိုင်နေတဲ့အရှေ့ကခုံပေါ် နွားနို့တစ်ခွက်ရောက်လာသည်။

" Boss က သခင်လေးသောက်ဖို့ လုပ်ထားလိုက်ဆိုပြီးမှာထားလို့ပါ "

ဒါ ဘာသဘောလဲ။ ဘာလို့ အသေးစိတ်မှာခဲ့တာလဲ။

ဆက်ပြီးမစဉ်းစားချင်တော့တာမို့ ရုပ်ရှင်ထဲ အာရုံပြောင်းထားလိုက်သည်။

......................

ညရောက်သည်အထိ အရိပ်အယောက်တစကလေးမှ ပေါ်မလာ။ မျှော်နေသည်လားဆိုရင်တော့မဟုတ်။ ရှင်းပြချင်တာလေးရှိ၍သာ မျှော်နေမိခြင်းဖြစ်လိမ့်မည်။

" ကျစ်! ဘာတွေလဲကွာ "

ရှုပ်ထွေးနေသောခံစားချက်တွေဟာ ထွဋ်ခေါင်အား ကြီးစိုးနေ၏။ ကိုယ်ကသူ့ထက်အကြီးဆိုပေမယ့် အရာရာတိုင်းကိုတော့ အလျှော့မပေးချင်။

မျှော်နေမိတာကိုတော့ ဝန်ခံသည်။ အရင်က ဘာလုပ်လုပ် ဂရုမစိုက်ခဲ့ပါပဲ အခုမှစိတ်အပြောင်းအလဲဖြစ်နေသလိုခံစားရသည်။

ဖုန်းကိုဆက်တော့လည်း မကိုင်။ ဒီတစ်ခေါက်ကကော အပြင်မှာပဲအိပ်မှာများလား။

အခန်းထဲလမ်းကိုခေါက်တုံ့ခေါက်ပြန်လျှောက်ကာ စဉ်းစားနေရင်း လက်ထဲကဖုန်းလေးဟာ မြည်လာခဲ့သည်။ သီဟခေါ်ဆိုသည်ဟုထင်ကာ ကြည့်လိုက်တော့ မင်းဝေဖြစ်နေသည်။

" ပြော"

" Boss အလုပ်ကိစကြောင့် ခရီးတစ်ခုသွားပါတယ် သခင်လေး "

" ............ "

" သခင်လေး မျှော်နေမှာ စိုးလို့ ဖုန်းဆက်လိုက်တာပါ "

မောင့်မူပိုင် (Completed) Where stories live. Discover now