Part 4*

63.1K 4.9K 64
                                    

စိတ်ကူးပေါက်မှ Company သွားတတ်တဲ့ မြတ်ထွဋ်ခေါင်ဟာ ဒီနေ့လည်း အလုပ်သွားဖို့ ပြင်ဆင်နေသည်။ Tshirt ကို ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ထားပုံက ပေါ့ပေါ့ပါးပါးသာ။

ဝတ်ချင်တာဝတ်ပြီး သွားချင်တဲ့ချိန်ထသွားတတ်တဲ့ Company CEO သာဖြစ်သည်။ တစ်နည်းအားဖြင့် လုပ်ချင်ရာလုပ်တတ်သူသာ။

" ခင်ဗျား Company သွားမလို့လား "
ခေါင်းကိုသာညိတ်ပြလာသည်။

" ကားယူသွားမှာလား ကျွန်တော်နဲ့လိုက်ခဲ့မှာလား "

" မင်းနဲ့လိုက်ခဲ့မှာ "

" ကောင်းပြီ "

မနက်စာစားပြီး နှစ်ယောက်သား Company သို့ဉီးတည်လိုက်သည်။ Ala Company ရှေ့ရောက်တော့

" ညနေ ဝင်ကြိုရဉီးမလား "

" ငါ ပြန်ချင်တဲ့ချိန်ပြန်မှာ "

" ဟုတ်ပြီ "

ထွဋ်ခေါင် Company ထဲဝင်သွားတာကြည့်ပြီးမှ သီဟလည်း ထိုနေရာမှထွက်လာခဲ့သည်။

" မင်းဝေကို ကားယူပြီး Ala မှာ စောင့်နေလို့ပြောလိုက် "

" ဟုတ်ကဲ့ Boss "

နဂိုကတည်းက ကားယူသွားလို့ရရဲ့သားနဲ့မယူပဲ ပို့ခိုင်းသေးသည်။ တခါတလေ ထွဋ်ခေါင်ရဲ့အတွေးတွေကို သီဟတစ်ယောက်လိုက်မမှီတော့ပါ။

ထွဋ်ခေါင် Company ကိုရောက်သည်နှင့် စာရင်းတွေစစ်ပြီး Meeting တွေထိုင်လုပ်နေသည်။ အခုလိုရုတ်တရက်တွေလုပ်တတ်တဲ့ CEO ရဲ့အကျင့်တွေကြောင့် Company ကသူတွေဟာ အမြဲတမ်းအသင့်အနေအထားဖြင့် စောင့်နေရသည်။

အကျီ Design ပိုင်းနဲ့ပတ်သတ်ပြီး အကျွမ်းတဝင်ရှိလှတဲ့ ထွဋ်ခေါင်ဟာ တစ်ခုခုအမှားအယွင်းဖြစ်သွားတာကိုပင်မ​​ကြိုက်။ သူဆွဲတဲ့ Design နဲ့ သူလိုချင်တဲ့ပုံစံအတိုင်းထွက်လာတာကိုပဲ လိုချင်သည်။

လုပ်စရာတွေလက်စသတ်ပြီးလို့ အနားယူဖို့ကြံလိုက်ပေမယ့် ဖုန်းသံကြောင့် အတွေးများပင် လွှင့်​​ပြယ် သွားသည်။

" Hello အမေ "

" သား အိမ်ခဏလာခဲ့မလား "

" ကိစ္စရှိလို့လား "

မောင့်မူပိုင် (Completed) Where stories live. Discover now