Part 38*

36.7K 2.6K 11
                                    

အလုပ်တွေပြီးပြီမို့ ပြန်ဖို့လုပ်ပေမယ့် လုပ်ငန်းရှင်တွေရဲ့ ဖိတ်ကြားမှုနဲ့ပွဲတစ်ခုတက်ရောက်ရန်ရှိနေသေး၏။

" ဒီတစ်ခါတော့ မောင်လိုက်ဖြစ်အောင်လိုက်မယ်၊ တစ်ယောက်တည်းသွားပြီး လူပျိုမလုပ်ချင်နဲ့"

" ငါ လူပျိုလုပ်မယ်ပြောမိလို့လား၊ ငါ့မှာ ယောက်ျားရှိတယ်ဆိုတာ လူတိုင်းသိတယ် "

" သိသိ မသိသိကွာ၊ မောင်ကတော့လိုက်မှာပဲ "

" မောင့်သဘောပဲ "

ပွဲတက်စရာရှိသည်ဟု ကြားကတည်းက အဝတ်အစားတွေရွေးပြီးသားမို့ ပွဲချိန်ရောက်တဲ့အထိသာစောင့်ဖို့လိုတော့သည်။

" သဲငယ် "

" .............. "

" မောင်တို့ အဲ့ပွဲသွားပြီးရင် တစ်နေရာသွားရအောင် "

" ဘယ်ကိုလဲ "

" အဲ့ချိန်ကျမှ မောင့်နောက်လိုက်ခဲ့၊ မောင်နဲ့သဲငယ် တူတူသွားရမယ့်နေရာလေးရှိလို့"

" အင်း ဒါဆို ပွဲမှာ အကြာကြီးမနေတော့ဘူးလေ "

" အချစ်သဘောပါဗျာ "

ဒီနေ့လေးအတွက် သီဟ ရင်တွေခုန်နေမိပါ၏။ အစစအရာရာ အဆင်ပြေဖို့ရန်သာဆုတောင်းဖို့လိုတော့သည်။

သွားရမယ့်အချိန်နီးပြီမို့ အဝတ်အစားကို ထုတ်ကာကြည့်မိတော့ အရောင်သာကွဲပြီးDesign တူနေသောဝတ်စုံနှစ်ခုကြောင့်ထွဋ်ခေါင်မျက်မှောင်ကျုံ့လိုက်မိသည်။

" မောင် "

" ဗျာ "

" ဝတ်စုံက ဘာလို့တူနေတာလဲ "

" မောင်နဲ့သဲငယ်က လက်ထပ်ထားကြတာလေ၊ တူတူဝတ်တော့ဘာဖြစ်မှာမို့လို့လဲ၊ သဲငယ်ကအနီရောင်ဝတ်၊ မောင်က နီညိုရောင်လေးဝတ်မယ်"

" ဒါပေမယ့်တူနေတာကြီးက"

" မောင့်ကို မချစ်ဘူးလား "

" ငါ့ကို အကျပ်မကိုင်နဲ့မောင် "

" တခါတလေပဲဝတ်ရတာကိုကွာ၊ ဝတ်လိုက်ပါ လိမ်မာတယ်အချစ်က"

" အမျိုးမျိုးပဲ "

ဝတ်စုံကိုယူကာ လဲဝတ်ဖို့ရာယူသွားတော့သည်။ Design တူတူဖြစ်နေသည်မို့ မဝတ်ချင်မှန်းသိပေမယ့် အခုလိုလူများတဲ့နေရာမှာတော့ အချစ်ဟာ မောင့်မူပိုင်ဖြစ်ကြောင်းကြေညာချင်သေးသည်။

မောင့်မူပိုင် (Completed) Where stories live. Discover now