Part 2*

75.9K 5.6K 183
                                    

စိတ်တိုကာ ဝုန်းဒိုင်းကြဲ ပြန်လာတဲ့သူကြောင့် အိမ်ထဲကသူတွေဟာ တုပ်တုပ်မျှမလှုပ်ရဲကြပေ။ ခြေလှမ်းကျဲကြီးများဖြင့် အိမ်ပေါ်တက်သွားတဲ့အပြင် မျက်နှာဟာလည်းပေါက်ကွဲထွက်မတတ်ဖြစ်နေသည်။

ကားသော့ကိုခုံပေါ်ပစ်တင်ကာ အိပ်ရာပေါ်လှဲချလိုက်သည်။

" တော်တော်လူပါးဝတဲ့ကောင် တောက်စ်!!!!! "

ဒေါသထွက်လာရင်မြိုသိပ်ဖို့ရာခက်ခဲလှတဲ့သူ့အတွက် ရန်ပွဲက ခပ်များများဖြစ်လာရသည်။ ထိန်းနေလို့လည်းမရတာမို့ စိတ်ရှိတိုင်းတာ လုပ်ပစ်မိသည်။

မကြာသောအချိန်အတွင်းမှာပဲ အခန်းထဲလူတစ်ယောက်ဝင်လာသည်။ ရလာတဲ့ရေမွှေးနံ့ကြောင့်ဘယ်သူဘယ်ဝါဆိုတာ တွေးနေဖို့ပင်မလိုတော့ပါ။

" ရန်ဖြစ်လာပြန်ပြီဆို "

ထွဋ်ခေါင် အိပ်နေရာမှ ထထိုင်လိုက်သည်။ သီဟကလည်းခုံတစ်လုံးယူကာ ထွဋ်ခေါင်ရှေ့လာထိုင်သည်။ ပြီးနောက် ထွဋ်ခေါင်ရဲ့လက်အား ဆတ်ခနဲဆွဲယူလိုက်တာမို့

" ဘာလုပ်တာလဲ "

" ငြိမ်ငြိမ်နေ "

လက်ဆစ်တွေပေါ်ရောက်လာတဲ့ဆေးများ၊ ထိုအခါမှ ထွဋ်ခေါင် ရုန်းနေရာမှရပ်လိုက်သည်။

" ကျုပ် ဒီနေ့မှပြန်လာတာ ခင်ဗျား အေးဆေးနေလို့မရဘူးလား "

" ငါဘာသာငါ ဘယ်လိုနေနေ မင်းအပူပါလား! "

" မြတ်ထွဋ်ခေါင်! ကျုပ်က ခင်ဗျားရဲ့လင်ယောက်ျားဆိုတာ မမေ့နဲ့ "

" ငါလည်း ယောက်ျား မင်းလည်းယောက်ျား ဘာမှထူးခြားနေတာမရှိဘူး၊ မင်းရဲ့လင်ယောက်ျားဖြစ်နေပေမယ့် ချစ်​​ကြိုက်လို့ယူခဲ့တာမဟုတ်ဘူးဆိုတာ မင်းမှတ်ထား သီဟမင်းထင်! "

" ခင်ဗျားက ပြောရဆိုရသိပ်ခက်လွန်းတယ် "

" ............ "

ဆေးသာလိမ်းပေးပြီး ဘာမှမပြောဖြစ်တော့ပေ။ ပြောလည်းပြသနာဖြစ်လာရဉီးမည်။ ပင်ပန်းထားသည်မို့ စကားနိုင်လည်းမလုချင်သလို ပြသနာလည်းမဖြစ်ချင်ပါ။

" ကျုပ်ရှင်းပြီးပြီ "

" ....... "

စကားဟူ၍တစ်ခုမှပြန်မလာ။ မှုန်ကုပ်နေသော မျက်နှာထားဖြင့် အိပ်ရာပေါ်တွင်သာထိုင်နေသည်။

မောင့်မူပိုင် (Completed) Where stories live. Discover now