Part 29*

47.1K 3.5K 47
                                    

" သဲ ငယ် "

ငုံ့မိထားတဲ့ခေါင်းကိုဆတ်ခနဲမော့မိကာ တိုးလျလျအသံကြောင့်နှလုံးသားကို ဆွဲဆုတ်လိုက်သလို ဆစ်ခနဲ့နာကျင်သွား၏။

တပြိုင်တည်းမှာပဲ မျက်ဝန်းအိမ်ကမျက်ရည်တွေဟာခွင့်ပြုချက်မရှိပါပဲခုန်ဆင်းလာ၏။ ခပ်ရဲ့ရဲ့ပြုံးပြနေသူအား ပြန်၍ပင်ပြုံးမပြနိုင်တော့ပေ။

" ဘာလို့ ငိုပြန်တာလဲကွာ "

" ငါ မငိုပါဘူး "

မျက်ရည်တွေစီးကျနေတာကို မျက်စိရှေ့တွင်မြင်နေရပါလျင်နဲ့မငိုပါဘူးဟုငြင်းဆိုနေသူအား ပြုံး၍သာကြည့်နေတော့သည်။

" မောင့်ကို ဘယ်နားတွေထိခိုက်မိသွားသေးလဲ ပြပါဉီး မောင်စိတ်ပူလို့ "

" မောင့်အတွက်သာ မောင်စိတ်ပူစမ်းပါ "

" လည်ပင်းက အနီရောင်ကထင်းနေတာပဲကွာ"

မကျေမချမ်းနဲ့ပြောလာသူအား မျက်စောင်းထိုးကာကြည့်လိုက်၏။ မကြာခင်မှာပဲဆရာဝန်ရောက်လာပြီးလိုအပ်တာတွေပြောကာထွက်သွား၏။

ထွဋ်ခေါင်ရဲ့လက်ဟာ သီဟလက်ထဲနစ်မြုပ်ကာနေ၏။ ဆုပ်ကိုင်ထားသောလက်အားလွှတ်ပါဟူ၍မပြောဖြစ်။

" အများကြီးစိတ်ပူသွားသလား "

" မင်းက နိုးမှမနိုးလာပဲကို "

" ဟုတ်ပါ့နော် မောင် အိပ်တာနည်းနည်းများသွားတယ်၊ အခုမောင်နိုးလာပြီဆိုတော့ သဲငယ်ကိုအချိန်တွေပေးမယ်လေ "

" .......... "

" ဒါနဲ့ မင်းမြတ်စိုး..... "

ဆက်ပြောလာမည့်စကားကိုနားမထောင်တော့ပဲ ထွဋ်ခေါင်ရဲ့လက်ညှိုးလေးဟာ သီဟရဲ့နှုတ်ခမ်းနားမှာ တေ့ကာထားပြီး ခေါင်းကိုခါပြ၏။

" မောင် ငါနဲ့ရှိနေတဲ့အချိန် တခြားသူအကြောင်းတွေးနေဖို့လိုသလား "

" မဟု​တ်ပါဘူးကွာ မောင်မကျေနပ်သေးလို့ပါ "

" မကျေနပ်တာတွေလည်းထားလိုက်တော့၊ ငါနဲ့တူတူရှိရှိ မရှိရှိ ငါ့အကြောင်းပဲ မောင်တွေးရမယ် "

" သဲငယ်မပြောခင်ကတည်းက မောင့်အတွေးတွေထဲမှာ သဲငယ်ပဲ ကြီးစိုးနေတယ်ဆိုတာမသိရောလား"

မောင့်မူပိုင် (Completed) Where stories live. Discover now