Part 24*

51K 4K 137
                                    

ထမင်းစားနေတုန်း ထွဋ်ခေါင်စီမှ ဖုန်းသံကိုကြားလိုက်တာကြောင့် ထမင်းစားနေရာမှ သီဟမော့ကြည့်လာသည်။

" အေး ပြော "

" ............... "

" ဒီညလား "

" ............. "

" ကောင်းပြီ "

ဖုန်းပြောနေစဉ်အတွင်း မျက်တောင်မခတ် စိုက်ကာကြည့်နေသူကြောင့် လန့်ပင်လန့်သွားရသည်။

" ဘယ်သူလဲ "

" မင်းကိစလား "

" အချစ်ကကွာ! "

" သီဟမင်းထင် မင်းမရှက်ဘူးလား! "

ထမင်းစားတဲ့နေရာဟာ လူများနေတာကြောင့် ထွဋ်ခေါင် အံကြိတ်ကာ ပြောလိုက်ခြင်းဖြစ်သည်။

" ကိုယ့်ယောက်ျားကို အချစ်လို့ခေါ်တာ ဘာမှားလဲ "

" တော်ပြီ မင်းဆက်မပြောနဲ့တော့ "

" မရဘူး ခုဏက မောင်မေးတာကိုဖြေ ဘယ်သူနဲ့ပြောနေတာလဲ "

" ငါ့သူငယ်ချင်းနဲ့ "

" ဘာလုပ်မလို့လဲ "

" ကျစ်! "

" မပြောရင် သဲငယ်ဆိုပြီး အကျယ်ကြီးခေါ်မှာနော် "

" မင်း သတိထားနေစမ်း! "

" မောင်မေးတာကို ဖြေကွာ "

" ညကျရင် မွေးနေ့လာဖို့ဖိတ်တာ "

" ဘယ်မှာလဲ "

" SK Bar မှာ... နေဉီး ငါ့ကို တားဖို့မကြံနဲ့နော် ငါက မင်းတားလည်းသွားမှာပဲ"

" မောင်မတားပါဘူး၊ မောင်လည်းလိုက်မယ် "

" မင်းက ဘာကိစလိုက်မှာလဲ ရှုပ်တယ် "

" သဲငယ် မောင်က အရှုပ်အထုပ်လား၊ မောင်က အချစ်ရဲ့ယောက်ျားလေကွာ၊ ပြီးတော့ အချစ်ကလူပျိုမှမဟုတ်တာ ဒီမှာယောက်ျားတစ်ယောက်လုံးရှိနေတာကို "

မကျေမနပ်ပြောနေပုံက အရင်က သီဟမင်းထင်ဆိုတဲ့ပုံစံနဲ့မတူ။ သူအလိုမကျရင် မျက်နှာကိုသနားစရာအကောင်းဆုံးဖြစ်အောင် လုပ်တတ်တာကို ထွဋ်ခေါင်သတိထားမိသည်။ မျက်နှာကြောတင်းနေပေမယ့် ထိုမျက်နှာကိုမြင်တိုင်းထွဋ်ခေါင်ရီမိသည်။ သူ့ထက်သုံးနှစ်ငယ်တဲ့ကောင်လေးမို့ သူ့အပေါ် အခုလိုလုပ်နေတာဖြစ်နိုင်သည်။

မောင့်မူပိုင် (Completed) Where stories live. Discover now