Extra***

31.2K 2.1K 27
                                    

" မောင်! "

" ............. "

" မောင်....ရေ..."

သီဟမင်းထင်ကတော့ ထွဋ်ခေါင်ဘယ်လောက်ခေါ်ခေါ် လျစ်လျူရှုထား၏။ သီဟ Company သွားနေတုန်း သူငယ်ချင်းတွေနဲ့သောက်ဖို့ဆိုကာထွက်သွားသူက သူ့အားအကျိုးအကြောင်းရယ်လို့ဘာမှမပြောခဲ့။

ပြန်လာတော့လည်း အချိန်ကတော့နောက်ကျမနေပေမယ့် လူမှန်းသူမှန်းမသိအောင်မူးနေသည်။ မူးအောင်တိုက်တဲ့သူအားလည်း ဒေါသထွက်မိသလို မူးအောင် သောက်လာသူအားလည်းစိတ်ဆိုးမိသည်။

" ဟင့်....မောင်..ငါ့ကို ချစ်တော့ဘူး "

ထိုစကားကြောင့် ကျောခိုင်းမိရာမှ ဇတ်ခနဲ လှည့်ကြည့်မိသည်။ မချစ်တော့ဘူးဆိုတဲ့စကအတွက် သီဟခံနိုင်ရည်မရှိပါ။ ဘယ်လောက်ပဲစိတ်ဆိုးသည်ဆိုဉီးတော့ ကြာကြာတော့စိတ်မဆိုးနိုင်ပါ။

ခြေလှမ်းကျဲဖြင့်လျှောက်ကာ ကြမ်းပြင်ပေါ် ခြေဆင်းထိုင်နေသူအနားသို့ရောက်လာခဲ့၏။ ငုံ့ထားသောခေါင်းလေးကိုဆွဲမော့မိတော့ မျက်ရည်စီးကြောင်းတွေနဲ့ ရှိုက်ငိုနေသော ချစ်ရသူ။

" တိတ်တော့ ငိုနေရအောင် ကလေးလား "

" ဘာလာပြောနဲ့၊ ခေါ်ဘူး "

မူးနေသူက စကားပင်မပီတော့။ အသည်းယားလွန်းလို့ ကိုက်ပစ်ချင်လာသည်။

" မောင့်မှမခေါ်ရင် ဘယ်သူခေါ်မှာလဲ သဲငယ်"

" မောင့် ငါ့ကိုချစ်ပဲနဲ့ "

" မချစ်ဘူးလို့ ဘယ်သူပြောလဲ၊ ချစ်လွန်းလို့ တုန်နေတာကို "

" လိမ်တာ "

" မလိမ်ပါဘူးဗျာ "

" အဲ့ဒါဆို ငါ့ကို ချစ်လား  "

" ချစ်တာပေါ့ဗျာ၊ သဲငယ်ကရော မောင့်ကိုချစ်ရဲ့လား "

" ငါလည်းချစ်တယ် ဟီးးးး "

" အားးးးးး သဲငယ်ကွာ! "

မျက်လုံးတွေလည်းမပွင့်ပါပဲ စကားပြောနေသူက မနက်အမူးပြေသွားတဲ့အခါ ရှက်နေလောက်မည်ထင်သည်။

" မောင် "

" ဗျာ "

" ငါ့ကို ချီ "

မောင့်မူပိုင် (Completed) Where stories live. Discover now