Part 25*

51.9K 4K 145
                                    

အိမ်ပြန်ရောက်တော့ သီဟရဲ့ဒဏ်ရာအား ဆရာဝန်က သေချာချုပ်ပေးကာ ဆေးများပေးထားခဲ့၏။ ဒဏ်ရာအားချုပ်နေသောကာလအတွင်း မတ်တပ်ရပ်ကာ စိုးရိမ်ပူပန်မှုအပြည့်နဲ့ကြည့်နေသူက ထွဋ်ခေါင်ဖြစ်သည်။

ပါးစပ်ကစိတ်ပူနေကြောင်း စိုးရိမ်နေကြောင်းကိုမပြောပါပဲမျက်နှာအမူအရာနဲ့တင်သီဟသိနေသည်။ စိတ်ပူတတ်သေးသည်ပဲဆိုတဲ့စိတ်နဲ့ သီဟ ပျော်မိသည်။

" စိုးရိမ်စရာရှိလား "

ထိုစကားကိုမေးသူက ထွဋ်ခေါင်ကိုယ်တိုင်သာဖြစ်သည်။

" မရှိတော့ပါဘူး ဆေးလည်းသေချာစည်းပေးထားတယ် ပေးထားတဲ့ဆေးတွေကိုလည်းသေချာသောက်ပါ။ ချုပ်ရိုးဖြည်ဖို့ ကျွန်တော်တစ်ရက်လာခဲ့ပါမယ်။ "

ဆရာ့ရဲ့စကားကိုနားထောင်ပြီး ခေါင်းညိတ်ညိတ်လုပ်နေသည်။ မင်းဝေအား ဆရာ့ကို လိုက်ပို့ခိုင်းလိုက်ကာ ထွဋ်ခေါင်ကတော့ သီဟနားရောက်လာသည်။

" ဒီလောက်ဖြစ်တာတောင် ပြုံးနေနိုင်သေးသလား မောင် "

စကားနောက်ဆုံးနားက အခေါ်အဝေါ်ကြောင့်သီဟ အံ့သြနေမိပြန်သည်။ ထူးထူးဆန်းဆန်းဘာ တွေများဖြစ်နေတာပါလဲ ချစ်ရသူ။

" မောင် ပြုံးနေမိလို့လား "

" မင်း ခုနက ဆရာကို သဘောကျနေတာတော့မဟုတ်ဘူးမလား "

ဇာတ်လမ်းကတော့စပါပြီ။ ဘယ်နှယ့် ဒီအတွေးကိုတွေးရတာပါလဲ။ ချစ်ရသူက အခုလိုမျိုးလည်းသဝန်တိုတတ်သေးသည်ပဲ။

"အချစ်ကိုတောင် ချစ်လို့မဝသေးတာကို ဘယ်လိုဖြစ်လို့ဒီလိုအတွေး တွေးရတာလဲကွာ "

" ............... "

" မောင့်အချစ်တွေကို အပြည့်အဝယုံကြည်လို့ရပါတယ် သဲငယ် "

" .............. "

" အချစ်က မောင့်ကိုမယုံတော့ စိတ်မကောင်းဖြစ်မိတယ် "

မျက်နှာကို သနားစရာအကောင်းဆုံးဖြစ်အောင်လုပ်ပြီးပြောလိုက်တော့ ပြာပြာသလဲဖြင့်ပြန်ပြောလာ၏။

" အဲ ငါက အဲ့လိုသဘောပြောတာမဟုတ်ပါဘူး၊ မောင့်ကို ယုံပါတယ် "

မောင့်မူပိုင် (Completed) Where stories live. Discover now