Full Moon Day *

13.1K 919 21
                                    

" မင်းဝေ "

" ဗျာ အစ်ကိုလေး "

ထွဋ်ခေါင်တစ်ယောက် အလုပ်ကိုရောက်နေတုန်း သီဟအား ဖုန်းဆက်ရာ မကိုင်သဖြင့် မင်းဝေကိုခေါ်လိုက်သည်။

" မောင် ရှိလား "

" မရှိဘူး အစ်ကိုလေး။ "

" ကျစ်! ဘယ်တွေသွားနေတာလဲ။ "

" ကိစ္စရှိလို့လား အစ်ကိုလေး။ "

" ထားလိုက်တော့ " ဆိုကာ စိတ်လက်တစ်ဆစ်နဲ့ အစ်ကိုလေးက ဖုန်းချသွားတာကြောင့် မင်းဝေပင် အခြေအနေကို ရိပ်စားမိသွားသည်။ ဒါ့အပြင် * Boss ကတော့ မြွေပေါက်ပြီပဲ* လို့ ရေရွတ်မိသေးသည်။

တကယ်လည်း သီဟမင်းထင်က Company မှာ မရှိပဲ မနက်ကတည်းက ရှိုင်းသန့်နဲ့အတူ ထွက်သွားတာဖြစ်သည်။ ဒီတစ်ခါတော့ ဘယ်သွားမယ်ဆိုတာ မပြောခဲ့တာကြောင့် မင်းဝေကိုယ်တိုင်လည်းမသိပေ။

............

တစ်ဖက်တွင်

" ရှိုင်းသန့် မင်း ပြန်လိုက်တော့ "

" ဟာ မဖြစ်ဘူးလေ Boss။ Boss တစ်ယောက်တည်းကို ဘယ်လို ထားခဲ့လို့ရမှာလဲ။ "

" ကျစ်! ငါပြောတာ နားထောင်စမ်း! ဘယ်သူမေးမေး မသိဘူးသာ ဖြေလိုက်! "

ဒေါသအနည်းငယ်ထွက်နေပုံရသော သီဟကြောင့် ရှိုင်းသန့် ဘာမှ ပြန်မပြောနိုင်တော့ချေ။ သက်ပြင်းကိုချကာ ထိုနေရညမှ လှည့်ထွက်ခဲ့သည်။

" တောက်စ်!! "

သီဟ အနားမှာရှိတဲ့ စားပွဲခုံအား အားဖြင့် ထိုးချလိုက်ကာ ဒေါသတွေကို ဖြေဖျောက်နေ၏။ စိတ်တွေ ရှုပ်ထွေးလွန်းနေသည်က သူ့ရဲ့ပင်ကိုယ်ပုံစံမဟုတ်သည့်အတိုင်း။

အနေ့နေ့ အညည ပို့လာတဲ့ Message တွေက အစောင်ရေပေါင်းများစွာ။ ထိုစာများဟာလည်း ချစ်ရသူ မြတ်ထွဋ်ခေါင်အား ရည်ညွှန်းထားသော စာများသာဖြစ်နေ၏။

ဒါကို လွန်ခဲ့တဲ့ တစ်ပတ်လောက်မှသာ ထွဋ်ခေါင်ရဲ့ဖုန်းအား ကိုင်မိရာမှ သိလာခဲ့ခြင်းဖြစ်သည်။ ထွဋ်ခေါင်ကတော့ ကြည့်ပင်မကြည့်ထား။ ဂရုလည်းစိုက်သည့်ပုံမပေါ်ပေ။ သို့သော် သီဟအနေနဲ့ မကြိုက်။ ချစ်ရသူကို သူကလွဲ မည်သူကမျှ ထိစရာမလို။ ပြောစရာလည်းမလို။

မောင့်မူပိုင် (Completed) Where stories live. Discover now