Part 19*

51.3K 4.1K 203
                                    

" ဧည့်သည်ရောက်နေပါတယ် Boss "

" ဘယ်သူလဲ "

" ပိုးအိလို့ပြောပါတယ် "

မင်းမြတ်စိုး ထိုနာမည်အားမကြားဖူးသည်ကြောင့်တွေဝေသွားသည်။

" ဝင်ခွင့်ပေးလိုက် "

ခဏကြာတော့ မိန်းကလေးငယ်တစ်ခုဝင်ရောက်လာသည်။ ဝတ်စားဆင်ယင်ပုံနဲ့အနေအထိုင်တွေက နည်းနည်းတော့ကန့်လန့်ဆန်သည်ဟုထင်ရသည်။

" ဘာကိစများရှိလို့လဲ "

" ရှင်နဲ့ ပူးပေါင်းဖို့ရောက်လာခဲ့တာ "

" ပူးပေါင်းဖို့? "

" ကျွန်မက သီဟမင်းထင်ကို လက်စားချေချင်နေတဲ့သူတစ်ယောက်ပဲ "

ထိုစကားကြောင့် မင်းမြတ်စိုးတစ်ယောက် မျက်လုံးအရောင်များပင်တောက်လာပြီး မှီပြီးထိုင်နေရာမှ မတ်ပြီးထိုင်လိုက်သည်။

" အဟင်း....ရှင် စိတ်ဝင်စားသားပဲ "

" မင်းက ဘာဖြစ်လို့လက်စားချေချင်တာလဲ "

" အဲ့ဒါတွေထားပါ ရှင်ရဲ့ရည်ရွယ်ချက်က သီဟမင်းထင်ထက် ပိုကျော်ချင်တာမလား "

" မင်း ဘယ်လိုသိ "

မင်းမြတ်စိုး အံ့သြရပါသည်။ သူ့အကြောင်းအား တခြားသူတစ်ယောက်ကသိနေလောက်သည်အထိဘာများလုပ်မိနေခဲ့ပါလိမ့်။

" ကျွန်မလည်း အဲ့လိုပဲ ကျွန်မ သီဟမင်းထင်ကို ရှင်းပစ်ချင်နေတယ် "

" ဟားးးဟားးး မင်းက ပွင့်လင်းလှချည်လား၊ အတူတူပူးပေါင်းခဲ့လို့ ငါ့ဘက်က တစ်ခုခုချိုးဖောက်ခဲ့ရင်ဘယ်လိုလုပ်မလဲ "

" ကျွန်မက ခပ်လွယ်လွယ်မိန်းမတစ်ယောက်တော့မဟုတ်ဘူးနော်၊ ရှင့်အကြောင်းတွေကိုတောင်သိနေတဲ့ကျွန်မက ပေါ့သေးသေးမဟုတ်ဘူးမလား "

" ဆိုတော့ ရလာဒ်က "

" တစ်ယောက်တစ်ဝက် "

" လွယ်တယ်များထင်နေတာလား "

" သူ့ရဲ့အားနည်းချက်ကို ရှင်မသိတာလား "

" မြတ်ထွဋ်ခေါင်ကိုပြောတာလား "

" Done! သူကလွဲရင် ဘယ်သူရှိဉီးမှာလဲ၊ မြတ်ထွဋ်ခေါင်ကို ချုပ်လိုက်ရင် သူလည်း ခံနိုင်ရည်ရှိမှာမဟုတ်ဘူး "

မောင့်မူပိုင် (Completed) Where stories live. Discover now