" အလုပ်က ပြေပါတယ် "
" အလုပ်က ပြေပါတယ်ဆိုတော့ မပြေတာရှိလို့လား "
" ရှိတာပေါ့ "
" ဘာမပြေတာလဲ "
" ခင်ဗျားနဲ့ ခွဲရတာက အဆင်မပြေဘူးလေ "
" မင်း! "
" ဒီတစ်ခေါက် ပိုက်ဆံတွေပိုရလာတယ် ခင်ဗျားက ပြသနာမရှာတော့ငွေမကုန်ခဲ့ဘူး "
" ................. "
ပြောလည်းပြောချင်စရာပါပဲ။ သူငယ်ချင်းတွေခေါ်တာတောင် အပြင်မထွက်ချင်လောက်အောင်အထိစိတ်က လေးနေသည်။ တစ်ခုခုကို မျှော်နေသလိုဖြစ်နေ၏။
" တဆိတ် ခင်ဗျား တကယ်ပြောစရာမရှိဘူးလား ခင်ဗျားကိုကြည့်ရတာ မလန်းသလိုပဲ "
" ငါက ဘာပြောစရာရှိရမှာလဲ "
" ထားတော့ ကျုပ်နားတော့မယ် "
ပြောပြီးပြီးချင်း သီဟ ထွက်သွားပေမယ့် ထွဋ်ခေါင်တစ်ယောက် ကျောက်ရုပ်ကြီးတစ်ခုလိုထိုင်နေသည်။
ဒါ သူ့ပုံစံမှမဟုတ်ပဲ။ ဒီလိုမေးခွန်းမျိုး သူတစ်ခါမှမေးဖူးတာမဟုတ်။ ပါးစပ်ကထွက်ကျလာတဲ့စကားက ကိုယ့်ကိုယ်ကိုယ်ပင်ထိတ်လန့်သွားစေသည်။
သီဟ ရေချိုးနေတုန်း ထွဋ်ခေါင်မေးတဲ့မေးခွန်းအား ပြန်စဉ်းစားနေမိသည်။ စိတ်ထဲရှိတဲ့အတိုင်းမေးသည်လား ဒါမှမဟုတ် တစ်ခုခုများ လုပ်စရာရှိနေ၍လား။ သေချာသလောက်ကတော့ ၆ လ အတွင်း ဒီလိုမေးခွန်းမျိုးမမေးဖူးသလို ပြသနာမဖြစ်သည့်နေ့ဟူ၍ ခပ်ရှားရှားသာ။
ရေချိုးပြီးပြန်ထွက်လာတော့ အိပ်ရာပေါ်ခွေအိပ်နေတဲ့သူအား တွေ့လိုက်ရသည်။
" ခင်ဗျား တစ်ခုခုဖြစ်နေတယ်မလား နေမကောင်းဘူးလား "
" ငါ ဘာမှမဖြစ်ဘူး "
" ဘာလဲ Bar သွားချင်လို့လား ခင်ဗျား သွားချင်ရင်သွားလေ "
" ကျစ်! ဘယ်မှ မသွားချင်ဘူး "
" ဟ ခင်ဗျားက မပွင့်မလင်းနဲ့ ဘာဖြစ်နေတာတုန်း "
" လူသတ်ချင်နေတာ လူသတ်ချင်နေတာ ရပြီလား! "
YOU ARE READING
မောင့်မူပိုင် (Completed)
RomanceMarriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက်ဆိုင်ပါဘူး။ sweet တဲ့အပိုင်းပိုသွားမှာမို့ သဘောမကျပါက ကျော်သွားပေးဖို့ တောင်းဆိုပါရစေ။