Extra 4 (The End)

355 46 8
                                    

[Unicode]

Baekhyun ရွာရောက်တာ ဒီနေ့နဲ့ဆို တစ်ပတ်ပြည့်ပြီ။ သိပ်ချစ်ရတဲ့ လူသားကို လွမ်းရပေမဲ့လည်း ဒီနေရာလေးကပဲ သူသိပ်ချစ်ရတဲ့ အငွေ့အသက် တွေ အများဆုံး ရှိတဲ့နေရာလေးဆိုလဲမမှား။ သူနှစ်တွေအများကြီး ဒီနေရာလေးကနေ ထွက်ခွာခဲ့တာဟာ သူသိပ်ချစ်ရတဲ့လူသားနောက်ကို လိုက်သွားမိမှာဆိုးလို့။ဒီရွာလေးကိုပြန်ရောက်တိုင်း ချစ်ရတဲ့သူကို ချစ်တယ်လို့ တဖွဖွမပြောမိခဲ့တာကို နောင်တရလို့မဆုံး။ ကံကြမ္မာက သူ့ကို ပြင်ဆင်ခွင့်လေးတောင်မပေးခဲ့ပဲ ရက်စက်ခဲ့သည်။ ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ဆုတောင်းချင်ပါရဲ့ ချစ်ရသူနဲ့ဝေးကွာခြင်းမှ ကင်းဝေးပါစေလို့........။

ရွာဦးထိပ်စေတီ ရှိ ခေါင်းလောင်းငယ်လေးတွေဟာ လေတိုက်တိုင်းသာယာစွာထွက်ပေါ်လာလေ့ရှိသည်။ Baekhyun စေတီသို့ရောက်နေသည်မှာ 1 နာရီနီးပါးရှိနေပြီဖြစ်သည်။ သို့သော်လည်း သူမထချင်သေး။ အေးချမ်းလွန်းလှတဲ့ ဘုရားရိပ်အောက်မှာ သူနေချင်သေးသည်။ ပူလောင်နေတဲ့ ရင်ကို ဘုရားရိပ်ကသာ အေးချမ်းစေနိုင်သည်လေ။

" ဦးဦးရေ ဦးဦး "

လုံးတုံးလုံးတုံးနဲ့ပြေးလာတဲ့ Kyungsoo အသေးစားလေးရဲ့အသံကြောင့် Baekhyun ပြုံးလိုက်မိသည်။ တကယ့်ကို Kyungsoo နဲ့ တူလွန်းတဲ့ပေါက်စဟာ သူ့ရဲ့ရယ်မောအောင်လုပ်နိုင်လွန်းသည်။ အခုလည်း သူ့အဖေနဲ့ဘာပြဿနာဖြစ်လာပြန်လည်းမသိဘူး။ တကယ့်ကို အမွှေစိန်ပေါက်စ။

" ဦးဦးလို့ဆို သားခေါ်နေတာကို ထူးဘူး သားမှာပြေးလာရတာမောလို့ "

" မင်းဘာသာပြေးလာတာလေ ဘယ်သူကပြေးလာခိုင်းလို့လဲ ပေါက်စရဲ့ "

" ဦးဦး!! သားကိုပေါက်စလို့မခေါ်ပါနဲ့ဆို ... သားနာမည်က Kyungyeol ပါဆို ။ သားက စေတနာနဲ့ ဦးဦးဆီကို ဖေဖေတို့မပြောခိုင်းတဲ့သတင်းလာပြောတဲ့ဟာ။ နေပေါ့ သား ဦးဦးကို စိတ်ဆိုးသွားပြီ ခေါ်တော့ဘူး ဟွန့် "

" ဟမ် မပြောခိုင်းတဲ့သတင်း?? ဘာလဲ yeol လေးရဲ့။ ပြောခိုင်းတာမဟုတ်ဘူးလား "

Baekhyun သူ့ကိုစိတ်ဆိုးနေတဲ့ပေါက်စကို အာရုံမစိုက်နိုင်ဘဲ မပြောခိုင်းတဲ့ သတင်းကို ပိုစိတ်ဝင်စားလို့နေသည်။ ပေါက်စအကြောင်းသူသိသည် ။ လူကြီးစကားတွေကို ခိုးနားထောင်ပြီး ဦးလေးတစ်ယောက်မကျန်ကို သတင်းလိုက်ဖြန့်တက်တဲ့ပေါက်စ။ အခုလည်း Kyungsoo တို့က သူမရှိတုန်း တစ်ခုခုပြောနေတာကို ပေါက်စက ခိုးနားထောင်ပြီး သူ့ကိုလာပြောတာဖြစ်မည်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)حيث تعيش القصص. اكتشف الآن