Ch-28

408 48 4
                                    

Uni

KS ခြံကအထွက်လမ်းတစ်လျှောက်လုံး မျက်ရည်တွေဖြင့်သာ။ Chan ကိုယ်တိုင်က သူ့ကိုမယုံကြည်တာ ဒါနဲ့ဆို နှစ်ခါတိတိ ။ မျက်ရည်တွေက တာတမံကျိုးသလို ပြိုကျဆင်းလာသည်။ မိုးကောင်းကင်ကြီးကလည်း ရုတ်တရပ်ဆိုလို့ မျက်ရည်မိုးတွေရွာချတော့သည်။ KS ရဲ့မျက်ရည်တွေက မိုးရေတွေနဲ့အတူ မျောပါနေသည်။ KS တစ်ယောက် ခြေလှမ်းတွေကို အားတင်းလျှောက်ရင်းခြံတစ်ခြံဆီသို့ရောက်သွားလေသည်။ KS ခြံကိုတံခါးကို အသာဆွဲဖွင့်ပြီး အိမ်ပေါ်တက်သွားသည်။ ခြံထဲမှာခွေးရှိပေမဲ့ ခွေးက KS ကိုဟောင်ဖို့နေနေသာသာ လှည့်တောင်မကြည့် သူ့သခင်ဖြစ်နေသည်ကို။ ခွေးက သူ့ကိုပြစ်ထားသောသခင်ကို လှည့်မကြည့်ပဲ ဆက်အိပ်နေသည်။ Aww KS တို့များ ခွေးကတောင်လျစ်လျူရှုခံရတဲ့ဘဝ။(မျက်ရည်တစ်စက်ပါ ဒိုပြူးရေ)
KS အိမ်ကို တံခါးခေါက်တော့ အိမ်ထဲကနေလူတစ်ယောက် ထွက်လာသည်။ KS ရဲ့သူငယ်ချင်း Taeyoon ။
KS က အပေါင်းအသင်းများတာကြောင့် မသိတဲ့သူမရှိသလို။ တက်နေစရာနေရာမရှား။

TY : " KS yar မိုးရေတွေလဲရွဲလို့ဘာဖြစ်လာတာလဲ ဟင် KS ငိုနေတယ် "

KS : " ငါ့ကို အိမ်ထဲ ဝင်ခွင့်မပေးတော့ဘူးလား "

TY : " ဟာ မဟုတ်တာ လာ အိမ်ထဲဝင်။ ခန ငါ မင်းအတွက် အင်္ကျီသွားထုတ်လိုက်အုံးမယ် "

Taeyoon က KS ကို နေရာချပေးပြီးစိုရွဲနေတဲ့အင်္ကျီတွေကို လဲဖို့အင်္ကျီသွားထုတ်သည်။ (အိမ်ကရွာတွေရဲ့ခြေတံရှည်အိမ်တွေသိကြတယ်မလား ။ အဲ့လိုအိမ်မျိုးပါ) Taeyoon က အမေတစ်ယောက်ထဲရှိပြီး အမေကိုလုပ်ကျွေးနေတဲ့သားလိမ္မာတစ်ယောက်။ အလယ်တန်းနဲ့ကျောင်းထွက်ပြီး လုပ်ကျွေးနေတယ်ဆိုလည်းမမှား။ KS ကို အင်္ကျီတွေလဲစေကာ KS အတွက် အိပ်ရာတွေပါဘတစ်ခါခင်းပေးနေသည်။

KS : " ဟာ Tyoon မင်းကွာ အားနာစရာကြီး မခင်းနဲ့ ငါ့ဘာသာလုပ်မယ်"

TY : " မင်း အေးဆေးနားပါကွာ ။ အားနားစရာလိုလို့လား။ တကယ်တမ်း အားနာရမှာကငါပါကွာ။မင်းအခက်အခံဖြစ်နေချိန် ငါ့ဆီလာပြီး ဒုက္ခခံခိုင်းသလိုဖြစ်နေပြီ "

KS : " မင်းလည်း Baek တို့နဲ့တူလာပြီ သတင်းတွေအကုန်သိနေပြီပဲ "

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Donde viven las historias. Descúbrelo ahora