Ch 10

568 59 10
                                    

Uni

" KS "

KS : " ဟင် ဘာကိစ္စရှိလို့လဲ ကိုအဝှါ "

" ထွန်းကြည်ပါဗျ "

KS : " နာမည်မေ့သွားလို့ ဘာကိစ္စလဲ"

" ဟို မဏ္ဍဆောက်တုန်းက လက်ခလေး "

KS : " နေစမ်းပါအုံး လက်ခလို့ပြောရအောင် လက်ခက အကုန်လုံးရှင်းပေးပြီးပြီမဟုတ်ဘူးလား ။ မရသေးရင် လက်သမားခေါင်းဆောင်သွားပြောလေ ငါနဲ့ဘာဆိုင်လဲ "

Baek : " ဒီမှာအဲ့တာကဒီအတိုင်းကူညီတာမဟုတ်ဘူးလား "

Chen : " အေးလေ တစ်ခြားလူတွေလည်း ကူညီကြတယ်မလား "

" ရပ်ကြည့်နှမ်းဖြူးလုပ်သွားတာကိုဗျ။ လုပ်ရတဲ့ကျွန်တော့်အတွက်ကြမပါဘူးလို့ပြောလို့ "

Luhan : " aww aww အေးပါဟယ်"

KS : " အဲ့တာဆို မယူနဲ့ပေါ့ "

KS အစားစားခါးနီးကို လာရှုပ်နေတာကြောင့် စိတ်ကသိပ်မကြည်ချင်။ Chan ရဲ့မျက်နှာရှိနေလို့ ပြန်လည်ဖြေရှင်းနေတာ။ ကိုယ်သဘောအတိုင်းသာဆိုလို့ကတော့ စားနေတဲ့ပန်းကန်နဲ့ကောက်ပေါက်တယ်။ (ဟဲ့ ဟဲ့ စိတ်ထိန်း)

" ဗျာ ကျွန်တော်အများကြီးကူလုပ်ပေးခဲ့တာလေဗျာ။ ဘယ်သူမှမတက်တဲ့မဏ္ဍပ်ပေါ်တောင်တက်ခဲ့တာလေဗျာ "

KS : " အဲ့တာကို ငါက ဘာလုပ်ပေးရမှာလဲ "

KS စိတ်မရှည်ပုံနဲ့ပြသာနာတက်တော့မယ်ဆိုတာ အနားက သူတွေကကြိုသိနေပါပြီ။ စားနေတဲ့သူတွေတောင်ပိုက်ဆံကမန်းကတန်းရှင်းကာထွက်သွားကြကုန်ပြီ။ ကျန်ခဲ့တာကတော့ ထုံစံအတိုင်း Baek,Chen,နဲ့ Luhanပဲပေါ့။ Baek တို့ကတော့ဘယ်အချိန်ပြေးဆွဲရမလဲ ရင်တထိတ်ထိတ်။

" အဲ့လိုတာဝန်မဲ့တဲ့စကားတော့မပြောပါနဲ့ "

KS : " အဲ့တော့ငါကဘယ်လိုပြောပေးရမလဲ။ ပြီးတော့ ငါတို့က ပစ္စည်းရော ၊ လူရောတစ်ခါတည်းအပြတ်ငှါးပြီးသား။ အဲ့တော့ တစ်ပြားမှထပ်မပေးနိုင်ဘူး။ နားလည်လား။ -င်ကြားညပ်အောင် ကတောင်းကြိုက်ပြီး ပိုက်ဆံတောင်းချင်တာ မသိတာကြလို့။ "

" ဘာဗျ "

KS : " အေးငါကလေ အဲ့ဒီ-င်မပေါ်ပေါ်အောင်ခါးတောင်ကြိုက်တာ မုန်းလွန်းလို့အကူညီတောင်မတောင်းဘဲနေခဲ့တာ ။ အဲ့တာကို ပိုက်ဆံလာတောင်းနေတယ်။ ထွက်သွားမြန်မြန်။ မထွက်သွားရင် ရိုက်လွှတ်မှာ "

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now