Ch-20❗️❗️❗️

663 42 6
                                    

Update မဟုတ်လို့တောင်းပန်ပါတယ်။ ကျွန်တော်ပြောစရာလေးရှိလို့ပါ။ ကျွန်တော်အခုရေးနေတဲ့ Fic တွေကိုအကုန်ဖတ်တဲ့သူဆိုရင်သိမှာပါ။ CS ဆိုပေမဲ့ Characters တွေကလုံးဝမတူပါဘူး။

1." ကိုယ်ရဲ့အသည်းတစ်ခြမ်းလေး"

အဲ့FIC ထဲက Character တွေဆိုရင် Chan က လူကြီးဆန်တယ်ပြောလို့ရပေမဲ့ လူငယ်ဘက်ကိုနည်းနည်းသွားတယ်။ Ks ရဲ့ဆိုးနွဲ့မှုကို ဘာပဲဖြစ်ဖြစ် သည်းခံနိုင်တယ်။ ကျောင်းဆရာတစ်ယောက်ရဲ့ character အနေနဲ့ရေးရတယ်။ အဲ့လိုပဲ KS ကလည်း ဆိုးတယ်။ အနိုင်လိုချင်တဲ့ကောင်လေး။ Chan ၊နဲ့ ရင်နှီးတဲ့သူတွေနဲ့ဆို ကလေးဆန်ပေမဲ့ တစ်ခြားသူတွေဆိုရင်တော့ လုံးဝတစ်ခြားတစ်ယောက်အသွင်ပြောင်းသွားတက်တယ်။ အဲ့တာက " ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး" Fic ပုံစံပြောရရင် တောရွာဓလေ့စရိုက်တွေပါတယ်။

2.Happy house

Hh က "ချစ်ခြင်းရဲ့ယဥ်ကျေးမှု" ရဲ့ S2 အနေနဲ့ရေးတာပါ။ အဲ့တော့CS နှစ်ယောက်လုံးက သူဌေးသားတွေ ဖြစ်တဲ့အလျောက် မာနဆိုတာရှိမှာပဲ။ KS ရဲ့မာနကြီးမှုတွေကို S1 မှာတွေ့မှာပါ။ နောက်တစ်ခုက သူတို့နှစ်ယောက်လုံးက လက်မထပ်ခင်ကတညက စီးပွါးရေးနယ်ပါယ်မှာနာမည်ကြီးတွေ။ အဲ့တော့ နှစ်ယောက်စလုံးမာနထားကြတာကမဆန်း။ ဒါက Hh က သူတို့နှစ်ယောက်ရဲ့ Character .

3.အရိပ်ကလေးရဲ့ပုံပြင်

အဲ့Fic ရဲ့ CS မှာက KS က ဆင်းရဲတဲ့ ရိုးသားတယ် ။ Chan က ချမ်းသာပြီးအနေအေးတယ် ။ နောက်ပြီး သွေးကင်ဆာနောက်ဆုံးအဆင့်။ KS ကိုချစ်နေပေမဲ့ ဖွင့်မပြောဘဲ ပန်းတွေနဲ့ပဲ သူ့ခံစားချက်တွေကိုဖော်ပြနေတယ်။

4.GOOD LUCK

ကျွန်တော်ဘာကိုမှပီပီပြင်ပြင်မရေးရသေးပေမဲ့ ဒါလေးက တစ်ဖက်သက်အချစ်တွေနဲ့ချစ်ရတဲ့ကောင်လေးနဲ့ အချစ်ကိုတန်ဖိုးမထားတဲ့ကောင်လေး

အပေါ်က ကျွန်တော်ပြောပြတာတွေကကျွန်တော့် fic တွေရဲ့ Character တွေပါ။ ပြောချင်တာက ကျွန်တော့အနေနဲ့ဇာတ်ကောင်တစ်ခုနဲ့တစ်ခုကို ကူးပြောင်းပြီးရေးရတာမလွယ်ပါဘူး။ ခေါင်းတွေပူထူနေအောင်စဥ်းစားပြီးရေးရတယ် ။ တစ်ခါတစ်လေ ကျွန်တော် ထမင်း1နပ်ပဲစားရတဲ့နေတွေရှိတယ်။ သနားအောင်ပြောတာမဟုတ်လို့မသနားပါနဲ့။ နောက်ပြီးမျက်မှန်သမားလည်းဖြစ်တော့ပိုဆိုးတာပေါ့ဗျာ။ ကျွန်တော်စာရေးရင် အဲ့ဇာတ်ကောင်ရဲ့moodမပါဘဲရေးလို့မရ။ တစ်နေ့တစ်နေ့ကို ကျွန်တော် Psycho ဖြစ်မတက်ဘဲ။ အိမ်အလုပ်တွေနဲ့လူက အရူးထောင်တောင်သွားချင်လာပြီ😅။ လိုရင်းလာပြီ😂😂
Fic တွေကိုကျွန်တော်အဆင်ပြေအောင်လုပ်ပြီးပြန်upပါ့မယ်လို့။ တကယ့်လို un ပစ်ရင်လည်းစိတ်မဆိုးကြပါနဲ့လို့။ ပြန်ပြီး Publish လုပ်ရင် ဇာတ်သိမ်းထိရေးထားပြီးသားဖြစ်စေရပါ့မယ်။ ကျွန်တော်ကြိုးစားပြီးရေးပေးထားပေမဲ့။ View နဲ့ Vote က 100 မှာ 10 လောက်ပဲရှိတယ်။ တကယ်အားမရှိတော့ပေမဲ့ အဆုံးထိဆက်ရေးသွားမှာပါ။ မျက်နှာပြောင်တိုက်ပြီးတော့ပေါ့။ စာရှည်သွားရင်တောင်းပန်ပါတယ်။ စာဖတ်သူတစ်ယောက်ချင်းဆီကိုကျေးဇူးတင်လျက်............


ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Όπου ζουν οι ιστορίες. Ανακάλυψε τώρα