Ch-36

398 48 4
                                    

Uni

KS တို့တစ်ယောက်ကိုတစ်ယောက်မှီကာ စောင့်နေရင်း မီးရောင် တဝင်းဝင်းနဲ့ ဟိုဘက်ရွာကနေ သူတို့ရှိရာကိုလာနေတာကိုမြင်တော့ နှစ်ယောက်စလုံးသက်ပြင်းချမိကြသည်။ ရွာဘက်ကနေလည်း မီးရောင်တွေနဲ့သူတို့စီလာနေကြသည်။ KS နဲ့ Baek ph က Flashlight ထွန်းထားတာကြောင့် လာနေတဲ့သူတွေကိုလှမ်းမြင်ရသည်။ ဟိုဘက်ရွာကနေ အမဂျီယွန်းတို့လာနေသလို ရွာဘက်ကနေလည်း အကိုတို့လာနေကြသည်။ KS နဲ့ Baek အကိုတို့ကို ကျောပေးရင်း အမဂျီယွန်း တို့ဘက်ကိုလှည့်ကာ သေချာကြည့်မိတော့ ph ကိုင်ထားတဲ့ Baek ရဲ့လက်က တင်းခနဲဖြစ်သွားသည်။ အမဂျီယွန်းတို့နောက်ကျနေတာက လမ်းအဆင်မပြေလို့မှမဟုတ်ဘဲ။ ဝတ်စားထားတာတွေက မိုးရေတောင်မစို ။ အဲ့တာအပြင်ကို မီးရောင်အောက်မှာအင်္ကျီကတောက်နေသည်။ သူတို့ရပ်စောင့်နေတာက အရူးလို။ စိတ်ပူစွာရပ်စောင့်နေပေမဲ့ သူမတို့ကတော့ အပူအပင်ကင်းစွာပြန်လာနေသည်။ Baek တောက် ခေါက်သံတိုးတိုးထွက်သွားသည်။ KS နဲ့ဖြစ်ထားတဲ့ ပြဿနာကို သိထားတာကြောင့် လက်သီးဆုတ်ထားမိတာ သွေးကြောတွေတောင်ထောင်နေသည်။ သူမသူငယ်ချင်းတွေက သူတို့နှစ်ယောက်ကိုမြင်ပေမဲ့ သူမကတော့ ဟိုဘက်ရွာက ရွာသားနဲ့စကားပြောနေတာ သူ့တို့ကိုတောင်မမြင်နိုင်။ သူတို့နှစ်ယောက် ရှိရာအပင်အောက် ရောက်လာမှ သူတို့နှစ်ယောက်ကိုမြင်သွားကာ သူတို့ဆီလျှောက်လာကြသည်။

" အမတို့ကိုလိုက်ပို့ပေးလို့ကျေးဇူးတင်ပါ ။ မိုးလည်းမှောင်နေပြီဆိုတော့ ပြန်လိုက်ပါတော့ ။ ဧည့်ဝတ်မကျေမိတာကိုဗွေမယူပါနဲ့ ။ ဒီထက်နောက်ကျသွားရင် ခရီးဖင့်နေမှာဆိုးလို့ပါ "

Baek ဒေါသထွက်နေတာကြောင့်
ဟိုဘက် ရွာက ရွာသားတွေကိုဟန်ဆောင် ပြီးတောင် ပြုံးမပြနိုင် ၊
ဧည့်မခံနိုင်ဖြစ်ကာ ပြန်ဖို့ပြောလိုက်သည်။

" အို အားနာစရာကြီး ဘယ်လိုပြောလိုက်တာလဲ မောင်လေး "

အမဂျီယွန်းက အားနာစွာဆိုသည်။

" ကျွန်တော်က အမှန်တိုင်းပြောတာပါ အမ "

Baek ကခပ်တည်တည်ပြောလာတော့

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Onde as histórias ganham vida. Descobre agora