Ch-41(2)

316 35 2
                                    

Uni

Xuimin ထန်းရည်ဆိုင်က အပြန်တစ်လျှောက် Chen ဆီက အဖြေရဖို့ စဥ်းစားလာသည်။ KS ပြောလာတာက သူတို့ရဲ့အချစ်ကို ရိုးရိုးရှင်းရှင်းဖော်ပြဖို့။ ဒါပေမဲ့ ချစ်ရသူကို အံ့သြပျော်ရွှင်စေချင်ပါသေးသည်။ အခုလောလောဆယ် Chen ရှိမဲ့နေရာကို အရင်သိအောင်လုပ်ရမည်။ Chen သွားမဲ့နေရာက တစ်နေရာပဲရှိမည်။ သေချာပေါက် ချောင်းရိုးမှာပဲရှိနေ လိမ့်မည်။ Xui ချောင်းဘက်ကို ထွက်လာခဲ့သည်။ Chen ရှိနေပါစေဟုဆုတောင်းရင်း.....

************************

Chen Xui က သူ့ကိုကြည့်ပြီးပြောလာတဲ့စကားကြောင့်Baek ကိုတောင်မစောင့်ဘဲ ထွက်လာခဲ့သည်။ ဘဝမှာ သူ့ကို ရိသဲ့သဲ့ပြောဖူးတဲ့သူနဲ့ရည်းစားစာပေးတဲ့သူရှိခဲ့ဖူးပေမဲ့ အဲ့လောက်ရင်မတုန်ခဲ့ အခုကြမှ ကော်ဖီသောက်ထားသလို တုန်ရီနေသည်။ သူစိတ်ပြေလက်ပျောက်ဖြစ်အောင်ချောင်းရဲ့ကမ်းပေါ်ကိုတက်ကာ အကျယ်ကြအော်မိသည်။ ပဲ့တင်သံကလွဲလို့ ဘာသံမှမကြားရ။ သူတစ်ခုခုဖြစ်လာရင် ဒီမှာလာအော်နေကြ။ ဒါမှမဟုတ်ရင် ရေထဲကို ခဲလုံးတွေကောက်ပစ်တက်သည်။ သူ စိတ်ကိုငြိမ်ငြိမ်ထားက ခဲလုံးတွေတစ်လုံးပြီးတစ်လုံးကောက်ပစ်နေသည်။

Xui ချောင်းဘက်ကိုထွက်လာတာ မှန်သည်ဟု ပြောရမည်။ ဘာလို့ဆို ကမ်းပါးပေါ်မှာ ခဲလုံးတွေကိုပစ်နေတဲ့ ကောင်လေးကို လှမ်းတွေ့လိုက်ရတာကြောင့်ပင်။ သူပြုံးကာကြည့်နေမိသည်။ သစ်ပင်ကြီးရဲ့ နောက်က နေလုံးကြီးနဲ့ ကမ်းပါးပေါ်မှာရှိနေတဲ့ ကောင်လေးက သက်ရှိပန်းချီကားတစ်ချပ်လို သူငေးကြည့်နေမိသည်။ ဒီကောင်လေးကို ဘယ်လိုချစ်မိသွားလည်းဆိုတာ သူကိုယ်တိုင်တောင်မသိ။ အဆိုးလေးဟုသာ သိထားတဲ့ကောင်လေးကို ရွာကိုပထမဦးဆုံးရောက်တဲ့အချိန်ကပင် ပိုပြီးစိတ်ဝင်စမိသွားသည်။ သူငယ်ချင်းတွေနဲ့ဆို ကလေးဆန်ပေမဲ့ တစ်ခုခုဖြစ်လာရင် ချက်ချင်းလူကြီးဆန်သွားတဲ့ကောင်လေး။ ဘယ်လိုပဲဆိုးနေ လူကြီးဆန်နေပါစေ သူ့မျက်လုံးထဲမှာ ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်။ သူ့နှလုံးသားကို လှုပ်ခပ်သွားစေတဲ့ တစ်ယောက်သောသူ။ သူကြည့်နေရင်း ထိုကောင်လေးကမ်းပါးပေါ်မှာခြေပစ်လက်ပစ် ထိုင်ချလိုက်တာကိုကြည့်ရင်းပြုံးမိသွားပြန်သည်။ သူ့ဆီသွားဖို့ခြေလှမ်းတွေကိုရွေ့လိုက်သည်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now