Ch-43

342 36 2
                                    

Uni

" ဖြောက် ဖြောက် "

သစ်ရွက်တွေပေါ်ကျဆင်းလာတဲ့ မိုးစက်တွေ တဖြောက်ဖြောက်မြည်နေသည်။ Baek ကောင်းကင်ကိုမော့ကြည့်မိသည်။ နေအလင်းရောင်ကို ဖုံးပစ်နိုင်တဲ့ မိုးသားတွေဟာ မိုးစက်မိုးပေါက်တွေအဖြစ် အလုအယက်ကျဆင်းနေသည်။ တဖြည်းဖြည်းစိပ်လာတဲ့မိုးစက်တွေကြောင့် ထိုနေရာကနေ ထွက်ခွါဖို့ပြင်လိုက်သည်။လမ်းမကြီးထက်ဆန့်ကျင်ဘက်အရပ်ဆီသို့ကျောခိုင်းခဲ့ကြတဲ့ကောင်လေးနှစ်ယောက်သည်လည်း တဖြေးဖြေးဝေးသထက်ဝေးလျက်....................

                   🍁🍁🍁

ဘုရားပွဲနေ့

ဒီနေ့က ရွာသာရွာရဲ့ ဘုရားပွဲ့နေ့ပင်။ တစ်နှစ်တစ်ခါကျင်းပတဲ့ ဘုရားပွဲဖြစ်တာကြောင့် ရွာနီးချုံးစပ်က လူတွေလည်းရောက်နေကြသည်။ ထို့အပြင် မြို့မှာသွားပြီး အလုပ်လုပ်နေတဲ့လူတွေ ရွာကနေမြို့ကိုပြောင်းသွားတဲ့လူတွေပါ လာရောက်သည့်နေ့ပင်။ တစ်ချို့အဝင်နေ့ကတည်းကတည်းကပင် ရောက်နေကြသည်။ ကိုယ်နဲ့ခင်တဲ့သူတွေကို အိမ်ကိုခေါ်ကာ ဧည့်ခံတက်တာကလည်း ရွာရဲ့ချစ်စရာဓလေ့လေးပင်။

ဘုရားပွဲနေ့ဖြစ်တာကြောင့် Chan Sehun Xuimin တို့အလုပ်ရှုပ်နေကြသည်။ လုံခြုံရေး ၊ အဖွဲ့လိုက်ကင်းချဖို့ တရားနာဖို့၊ ကျွေးမွေးဖို့တွေ နဲ့ ရွာဓမ္မာရုံမှာစုကာ ကာလသာခေါင်းဆောင်တွေနဲ့ ခေါင်းစားနေကြသည်။ သူတို့နဲ့မလှမ်းမကမ်းမှာတော့ ရွာလူကြီးတွေစုကာစကားပြောနေကြသည်။

" အင်း ကျွန်တော်ကတော့ ဒီရွာလေးကိုအရမ်းသဘောကျတာဗျ "

" ​ဆိုစမ်းပါအုံး ကိုအုန်းဖေရဲ့ "

ရွာခံလူကြီးတစ်ယောက်က မြို့ကလာတဲ့ကိုအုန်းဖေဆိုတဲ့သူကိုမေးတော့

" Mobile ph တွေရှိနေတဲ့ ခေတ်မှာတောင် ရွာကကလေးတွေက အခုချိန်ထိ ကလေးသဘာဝအတိုင်းဆော့စကားနေကြတယ်လေဗျာ မြို့မှာဆို လေးငါးတန်းလောက်နဲ့ ph တွေကိုင် ဟောနောက်တော့ ph ကိုင်ပါများပြီးမျက်စိပျက် ဘာပျက်နဲ့မျက်မှန်တက်ရတာနဲ့ လမ်းမှာလိုက်မိလို့ပျက်စီးသွားရတာနဲ့ အခုဆိုကျွန်တော့်​မြေးလေးတောင်မျက်မှန်တက်နေရပြီ အိမ်ကကျွန်တော့်သားနဲ့ချွေးမဆိုတာကလည်း အပြင်ထွက်ပြီးငွေရှာဖို့လောက်ပဲသိတာ ကိုယ့်သားသမီးကိုလှည့်မကြည့်ကြဘူး ခက်တယ်ဗျခက်တယ် "

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now