Uni
မိုးရွာထားလို့စိုစွတ်နေတဲ့မြေသားတွေနဲ့စိမ်းစိုနေတဲ့ထန်းတောတခွင်ဟာ တိမ်တောက်နေတဲ့ညနေခင်းနဲ့ပနံတင့်စွာလှပေနေသည်။ Kai , Sehun နဲ့ Xui တို့ထန်းတောထဲမှာ ရွာရဲ့ညနေခင်းရှုခင်းတွေကိုထိုင်ကြည့်ရင်း Chan အလာကိုစောင့်နေကြသည်။ ဒီနေ့က Kai ရဲ့နှုတ်ဆက်ပွဲလို့မမည်တဲ့နှုတ်ဆတ်ပွဲတစ်ခု။ Kai က စခန်းကပြန်ခေါ်လို့ပြန်သွားရမှာဖြစ်ပြီး ဒီတစ်ခါအမှုကကြီးတော့ သူမပြန်လို့မဖြစ် ပြီးတော့ KS အကူညီတောင်းထားတဲ့ကိစ္စနဲ့လည်းဆက်စပ်နေသည်။ ချက်ချင်း ပြန်လာဖို့ အမိန့်ကျ လာတာကြောင့် အခုလိုလူစုကာသောက်ဖို့ချိန်းလိုက်ကြသည်။ သူတို့ဝိုင်းမှာ ထန်းရည်အိုးတွေ 5 အိုးနဲ့အမြည်းတွေကလည်းစုံလင်လှသည်။ Kai တို့တစ်ယောက် သုံးခွက်လောက်သောက်ပြီးတာတောင် Chan ကရောက်မလာသေး။ သူတို့စကားပြောနေရင်း KS တို့အကြောင်းရောက်သွားသည်။ Kai နဲ့ Sehun အလှူခံတုန်းကKSတို့မွှေတဲ့အကြောင်းကိုပြန်လည်ဖောက်သည်ချကာ ပြောရင်းရီနေကြသည်။
" ငါတို့မှာတော့ သနားနေတာ ဒင်းတို့က နောက်နေ့လည်းကျရော ပြန်ပြောရင်း ရီနေတယ်လေ တကယ့်ဟာလေးတွေ "
Kai က ရယ်မောကာပြောရင်း ရှေ့မှာချထားတဲ့ထန်းရည်ခွက်ကိုသောက်လိုက်လေသည်။
" အဆိုးလေးတွေ တကယ်ချစ်ဖို့ကောင်းတာ "
Xui ကလည်းစကားကိုဝင်ထောက်ကာပြောလေသည်။
" ဟက် ငါတို့ကသာ ကလေးလို့မြင်နေတာပါကွာ သူတို့တွေကအခုဆို ကျောင်းတောင်ပြီးတော့မယ် "
sehun ကဆိုတော့
" ဟုတ်သား ကျောင်းတောင်ပြီးကြတော့မယ် ငါ့မျက်စိထဲမှာ အထက်တန်းကျောင်းသားလေးပဲမြင်နေတာ"
" ငါရောပဲ အခုထိ 3 နှစ်သားလေးတွေလို့မြင်တုန်း 😂😂 "
" ဘယ်သူ့ကိုသုံးနှစ်သားလို့မြင်နေတာလဲကွ "
သူတို့သုံးယောက်စကားကောင်းနေတုန်း Chan ရောက်လာကာသူကြားမိရာတစွန်းတစဝင်ပြောကာထိုင်လိုက်လေသည်။
Kai Chan ရှေ့ထန်းရည်တစ်ခွက်ချပေးကာ
" မင်းရဲ့ကလေးကိုပြောနေတာလေ"