Ch-23

483 47 5
                                    

Uni

Chan နောက်တစ်ခါထပ်ပွေ့လိုက်လိုက်တာကြောင့် KS ခမျာ ပိုလို့ပင်လန့်သွားရသည်။ Chan ကလည်းရိပ်မိနေစွာ

Chan : " ကိုယ်ဘာမှမလုပ်ဘူးပေါက်စ ။ "

KS ကတော့ Chan ရင်ခွင်ထဲကနေ သက်ပြင်းသာချမိတော့သည်။ Chan ပေါက်စကိုအိပ်ခန်းကိုသာခေါ်သွားပြီး ကုတင်ပေါ်မှာထိုင်နေစေသည်။ နောက်တော့

Chan : " ကိုယ်မင်းကိုဘာမှလုပ်မှာမဟုတ်လို့ အဲ့လောက်ကြောက်စရာမလိုပါဘူး။ ပြီးတော့ ဒီမှာခနနေ ။ အောက်ကပန်းကန်တွေသွားသိမ်းလိုက်အုံးမယ်။ အိပ်ရာပေါ်ကမဆင်းနဲ့နော် ခုနကလို့ထပ်ဖြစ်မှာဆိုးလို့။မထိုင်ချင်ဘူးဆိုရင် ကုတင်ပေါ်တက်ပြီးခေါင်းအုံးခံပြီးတိုင်ကိုမှီနေ။ ကိုယ်မကြာဘူးပြန်လာမယ်။ "

Chan KS ကိုအိပ်ရာပေါ်မှာထားခဲ့ပြီး ဟင်းခွက်တွေသိမ်း ၊ ပန်းကန်တွေအိုးတွေဆေးကြောလိုက်သည်။ အကုန်လုံးပြီးစီးအောင်လုပ်ပြီး ပေါက်စ ဆီကိုမသွားပဲ ဘုရားခန်းထဲကိုသွားလိုက်သည်။ ဘုရားခန်းက ဗီဒီရိုထဲက ပေါက်စ အတွက်ဆေးဘူးကိုယူကာအိပ်ခန်းထဲသို့ပြန်လာလိုက်သည်။
သူအခန်းထဲရောက်တော့ကြည့်လိုက်တော့ ပေါက်စ သူ့phယူကာ game ဆော့နေသည်။ ပေါက်စ passward ကိုဖွင့်ရတာကိုသူသိပ်မအံ့သြ။ ဟုတ်သည်လေ pw က ဒင်းလေးရဲ့မွေးနေ့ဆိုတော့လည်း သူ့သဘောအတိုင်းလုပ်ချင်တာလုပ်လို့ရနေသည်။ သူဝင်လာတာကိုတောင် မမြင်ဘဲ game ကို သဲကြီးမဲကြီးဆော့နေသည်။ ဆေးဘူးကို ဘေးနားက ခုံပေါ်မှာတင်လိုက်ပြီး ကုတင်ရဲ့ဘေးအစွန်းမှာ တင်ပလွှဲဝင်ထိုင်လိုက်သည်။ ပေါက်စ က သူဝင်ထိုင်တာကို တစ်ချက်မော့ကြည့်ကာ ဆက်ဆော့နေပြန်သည်။ နောက်တော့ နိုင်သွားသည်ထင်ပါ့ မျက်နှာလေးပြုံးရိပ်သန်းကာ ph ပိတ်လိုက်သည်။ လိမ္မာနေတဲ့ ခွေးပေါက်လေး။

Chan : " ဘယ်နှစ်ပွဲနိုင်လိုက်တုန်းပေါက်စ "

KS : " လူကြီးထွက်သွားကတည်းကဆော့နေတဲ့ပွဲတွေအကုန်နိုင်တယ်😁"

Chan : " aww အဲ့တော့ ကိုယ်မရှိလို့နိုင်တယ်ပြောချင်တယ်ပေါ့လေ "

KS : " အဲ အဲ့လိုမဟုတ်ပါဘူး ဟိုဘယ်နှစ်ပွဲလဲလို့မေးတော့ ဘယ်နှစ်ပွဲဆော့မိမှန်းမသိလို့ "

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now