Ch-24

444 47 4
                                    

Uni

" ဟား ဟား ဟား "

KS ဟိုလူကြီးချော်လဲနေတာကိုကြည့်ပြီးအရယ်မရပ်နိုင်သေး။ အဲ့လူကြီးတပည့်တွေမြင်ကြည့်ပါလား သူတို့ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ဆရာဆိုတာယုံမှာတောင်မဟုတ် ။ KS ခေါင်းရင်တံခါးပေါက်နားကနေရယ်နေတာကို မေမေတို့ဟိုဘက်ကလှမ်းမြင်တယ်ထင်ပါတယ်။ အကုန်ထပြီးသူတို့အိမ်ဘက်ကူးလာလေရဲ့။ ဟိုလူကြီးကတော့ မရှိတော့ ကြည့်ရတာ အိမ်အောက်ကအခန်းလွတ်မှာအဝတ်စားသွားလဲတဲ့ပုံပဲ။ အိမ်အောက်ကနေ မေမေ က

Suho : " ဟဲ့ သားငယ် ဘာတွေရီနေတာလဲ ။ သား Chan ရော ။ ခုနကလည်း အသံတွေကြားဘာဖြစ်ကြတာလဲ "

KS စကားပြန်ပြောဖို့ပဲ။ ဒါပေမဲ့ ခုနကမြင်ကွင်းက အာရုံထဲကမထွက်တာကြောင့် ဘာမှမပြောနိုင်ဘဲ ရယ်နေတော့တယ်။

Suho နဲ့ Tao ကတော့ သူတို့သားငယ်ကိုကြည့်ပြီး ကြောင်​တောင်တောင်ဖြစ်နေလေသည်။ ဟုတ်သည်လေ အစက ဘယ်သူ့ကိုစိတ်ဆိုးမှန်းမသိ တံခါးတောင်ဖွင့်မပေးဘဲအခန်းအောင်းနေရာက တဟားဟား နဲ့ထရီနေတာ ။ အလုပ်သမားတွေကလည်း KS ကိုနားမလည်ဘဲကြည့်နေကြလေသည်။ အလုပ်သမားတွေကလည်း မေမေတို့အိမ်ဘက်ရောက်နေတာကြောင့် မြငမတဲ့သူမရှိဘူးထင်ပါ့။ KS ကတော့သူတစ်ယောက်ထဲမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ့ကိုလူတွေကကြည့်နေလေ သူကပိုရီလေဖြစ်နေသည်။

Chan အဝတ်စားလဲနေရင်း မေမေတို့မေးနေသံကိုကြားနေရသည်။ ဟိုပေါက်စမေးတာကိုမဖြေဘဲ ရယ်နေတာမရပ်နိုင်။ ပေါက်စကတော့ မောသွားမှရပ်မည်ထင်သည်။ သူအဝတ်အစားတွေလဲပြီးအိမ်ပေါ်တက်ကာ ပေါက်စ ဆီသွားတော့ သူထင်သည့်အတိုင်းပြတင်းပေါက်ကကိုကိုင်ကာ ရယ်နေသည်။ အဲ့လိုလူကိုဟားဖို့ဆို ဒဏ်ရာတောင်မေ့တဲ့ပေါက်စ။

Chan : " ပေါက်စ အိပ်ရာမှာမနေဘဲ ဘာလို့အဲ့မှာရပ်နေတာလဲ လာအိပ်ရာပေါ်ကို "

KS : " အဲလူကြီး "

Chan ပြတင်းပေါက်နားကိုသွားကာ ပေါက်စကိုတွဲကာ အိပ်ရာပေါ်ထိုင်ခိုင်းလိုက်သည်။ KS တစ်ယောက် အရမ်းကိုအူရွှင်နေသည်ထင်တယ်။ Chan ကိုကြည့်ပြီးရယ်နေပြန်သည်။ Chan မသိချင်ယောင်ဆောင်ကာ အိမ်အောက်ကမေမေတို့ကိုပြတင်းပေါက်ကနေ လှမ်းအော်ပြောလိုက်သည်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now