Ch-17

455 43 12
                                    

Uni

မနက်ခင်း အိပ်ရာပြတင်းပေါက်က ငှက်လေးတွေရဲ့သံစဥ်တွေကြောင့် Chan နိုးလာမိသည်။ မနေ့ညကအကြောင်းတွေးမိတော့ ပေါက်စက သူ့ကိုအရင်ကလောက်မခါးသီးတော့သလို။ သူ့ရင်ခွင်ထဲအိပ်နေတဲ့ပေါက်စကို ကြည့်လိုက်တော့ အိပ်နေတဲ့ပုံလေးက အသည်းယားစရာကောင်းနေသလို။ပေါက်စလေးရဲ့မနက်ခင်းအလှကိုစာဖွဲ့ပြချင်ပါသော်လည်း သူထရပေအုံးပေမည်။ 4 တန်းကို အပိုချိန်ခေါ်ထားတာကြောင့်စာသင်ချိန်တွေကဆက်တိုက်။ ပေါက်စအတွက်လည်း မနက်စာပြင်ထားရပေအုံးမည်။ (ရှိလား ပတ်ချန်းလိုမျိူး မနက်တိုင်းမနက်စာပြင်ပေးမဲ့သူ ။ ) Chan ပေါက်စသူ့ကိုဖက်ထားတဲ့လက်တွေကိုဖယ်ဖို့လုပ်ပေမဲ့ ရင်ခွင်ထဲကအကောင်ပေါက်က တင်းကျပ်စွာပြန်ဖက်ထားလေသည်။

Chan : " ပေါက်စ နိုးရင်လည်းထလေကွာ ။ ကိုယ် ခနနေရင် ကျောင်းသွားရတော့မှာ ပေါက်စရဲ့။ "

KS : " ခနယေးတောင်ရဝူးလား "
(စကားလေး တော့ ပီအောင်ပြောပေးအကို)

Chan : " ဟင်း 5 မိနစ်ပဲနော်။ အဲ့ထက်မရတော့ဘူး "

KS : " အင်း "

Chan သူ့ကိုဖက်ကာနှပ်နေသောကောင်လေးကို ဖိချုပ်ကာ နမ်းပစ်ချင်မိသည့် စိတ်ကိုအတော်လေးထိန်းထားရသည်။ 5 မိနစ်ဆိုတာ တကယ်ခနလေးပါ ။

Chan : " ပေါက်စထတော့ ကိုယ်မနက်ပိုင်းအချိန်ပိုခေါ်ထားမိလို့ပါကွာ။ ပေါက်စ ပြန်အိပ်နေလေ ။ ကိုယ်ကသွားဖို့ပြင်ဆင်ရတော့မှာပေါက်စရဲ့ "

KS : " ခနလေးရှိသေးတာကို ။ အဲ့လောက်ဖြစ်နေလည်း သွားပေါ့။ အဲ့ကျောင်းသားတွေနဲ့သွားနေ "

Chan : " ပေါက်စကလိမ္မာပါတယ်ကွာ မွ ကိုယ်သွားပြီ "

ပေါက်စကိုနမ်းကာ ကျောင်းသွားဖိုကမန်းကတန်းပြင်ဆင်ရပြန်သည်။ ပေါက်စစားဖို့ အများကြီးလုပ်ပေးချင်ပေမဲ့ အချိန်ကမရ။ အဲ့တာကြောင့် မြန်တဲ့ဟင်းတွေကိုသာချက်ပြုတ်​ပေးခဲ့ပေးပြီး အဝတ်စားလဲကာ ပေါက်စကို သွားပြီ လို့သာ အော်ပြီးနှုတ်ဆက်ခဲ့ရသည်။ ဆရာတစ်ယောက်ဖြစ်နေတော့ တပည့်တွေကိုအကောင်းဆုံးသင်ပြပေးမည်မလား။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now