Ch-9

585 54 13
                                    

Uni

Chan ကျောင်းသွားရမှာကြောင့် လူက စောစောနိုးလာလေသည်။ ထဖို့လုပ်တုန်း အကောင်ပေါက်လေးက သူ့ရင်ခွင်ထဲတိုးဝင်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကြောင့် သူ့မှာ ဘာဆက်လုပ်ရမှန်းမသိ ။ အခုချိန်မှမထရင်လည်း ကျောင်းနောက်ကျပေတော့မည်။ ဒါပေမဲ့ ပေါက်စ နိုးသွားမှာလည်း စိုး သည်။ Chan နာရီကြည့်လိုက်ရင်း 15 မိနစ်လောက်ပြန်အိပ်ဖို့ဆုံးဖြတ်လိုက်သည်။ ပြန်အိပ်ဖို့ဆိုတာထက် ရင်ခွင်ထဲက ပေါက်စကို သူ့ကြောင့်မနိုးစေချင်သေး။ Chan KS ရဲ့မျက်နှာလေးတစိမ့်စိမ့်ကိုကြည့်ရင်း

Chan : " အိပ်နေတဲ့ပုံလေးက အသည်းယားစရာလေးကွာ ။ မနေ့ညက စွာနေတာ သူမဟုတ်တဲ့အတိုင်း။မင်းလေးကအိပ်နေတဲ့အချိန်ပဲ ချစ်ဖို့ကောင်းတယ်။ "

ဟုဆိုကာ​တစ်ကိုယ်တည်းပြောနေလေသည်။ KS ကတော့ Chan ​ကိုပိုတိုး၍သာဖတ်ပြီး အိပ်နေတော့သည်။
Chan ခမျာ ဘာလုပ်ဆက်လုပ်ရမှန်းမသိတော့ KS မျက်နှာလေးကိုကြည့်ရင်း အချိန် 15 မိနစ်တောင်ကျော်တော့မည်။ ထမှဖြစ်တော့မှာကြောင့် KS လက်တွေကိုအသာ ဆွဲဖြုတ်ကာထရလေသည်။ လက်တွေဆွဲဖြုတ်ရင်း KS ရဲ့ အင်း အဲ့ အသံလေးတွေကြားရင် " ကျွတ် ကျွတ် ကျွတ် " ဟုဆိုကာ ကလေးချော့သနည်းနဲ့ ချော့ကာပြန်သိပ်လေသည်။ ( အေး အဲ့မှာ ro နေလိုက်😒) လက်လေးတွေကိုဆွဲဖြုတ်ပြီး လက်လေးတွေကို ခြင်ကိုက်မှာဆိုး၍စောင်ကိုလုံအောင်ခြုံပေးနေသေးသည်။ ဘေးပတ်ပတ်လည်ကိုလည်းစောင်တွေနဲ့ကာထားသေးသည်။ (ငါတော့အမြင်ကတ်နေပြီ) နောက်တော့ Chan သူအိပ်ထားတဲ့အိပ်ရာကိုသိမ်းကာ ကျောင်းသွားဖို့ပြင်ဆင်လေတော့သည်။ တစ်ခါမှ ကျောင်းနောက်မကျဘူးတဲ့ သူ့အတွက်ကတော့ 8:00 နာရီက အမှန်တကယ်နောက်ကျနေသည်လေ။ ကျောင်းက 8:30 တက်တာကြောင့် သူခဗျာ ဝရုန်းသုန်းကား ပြင်ဆင်ကာ စက်ဘီးကိုအမြန်နင်းရင်း ကျောင်းသို့ပြေးရလေတော့သည်။ (ကျောင်းက ရွာထိပ်မှာနော် Chan တို့အိမ်က ရွာလည်မှာ😁)လမ်းမှာတွေ့သမျှလူတိုင်းကလည်း သူ့ကိုမနေ့ညက ကုတင်ကျိုးတဲ့ကိစ္စကိုမပြီးနိုင်မစီးနိုင် အော်ပြီးစ,ကြလေသည်။ ကျောင်းရောက်တော့ ကျောင်းတောင်တက်နေပြီဖြစ်တာကြောင့် သူ့အတန်းသူဝင်ကာ စာသင်နေလိုက်သည်။
(Time skip ဟဲဟဲ စာသင်နေတာကိုကျော်သင့်တယ်မလား)
နေ့လည်စာစားချိန်ရောက်တော့ နားနေခန်းမှာထိုင်နားတုန်းရှိသေး

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now